အပိုင်း 2

Start from the beginning
                                    

"နောက်တစ်ယောက်က ယဲ့ချိုးပိုင်"

ယဲ့ချိုးပိုင်ဟာ ဓားကို ရင်ခွင်ထဲပိုက်ထားပြီး ထောင့်နားလေးမှာထိုင်နေလေသည်။ သူ တိတ်တဆိတ်မတ်တတ်ထရပ်လိုက်ပြီး ထိုဧရာမကျောက်တုံးကြီးဆီကို ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

ပတ်ပတ်လည်ရှိလူအပေါင်းက ယဲ့ချိုးပိုင်အား စိုက်ကြည့်နေကြသည်။ တချို့ကတော့ နောင်တတကြီး သက်ပြင်းချနေကြသလို တချို့ကလည်း လှောင်ပြောင်လိုသောအမူအရာများဖြင့်သာ။

လူတစ်ယောက်ဟာ ယခင်က ဘယ်လောက်ပဲအမြင့်ဆုံးမှာ ရပ်တည်ခဲ့ရပ်တည်ခဲ့ အောက်ဆုံးကိုပြုတ်ကျချိန်မှာတော့ အကျနာမည်သာဖြစ်၏။

စင်မြင့်ထက်မှာတော့ လူသုံးယောက်ထိုင်နေကြသည်။ ခေါင်းဆောင်သည် ယဲ့မိသားစုအကြီးအကဲ ယဲ့ချင်းဖြစ်ပြီး ယဲ့ချိုးပိုင်၏ဖခင်ဆိုလည်း မမှားပေ။

ယဲ့ချင်းက စကားတစ်ခွန်းမပြောဘဲ ဓားကိုသာရင်ခွင်ထဲပိုက်ထားသည့် ယဲ့ချိုးပိုင်ကိုကြည့်ရင်း သက်ပြင်းဖွဖွချလိုက်မိသည်။

ယဲ့ချင်၏နံဘေးမှာတော့ လှပကြော့ရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က အေးစက်စက်အမူအရာဖြင့် မတ်တတ်ရပ်နေလေသည်။ သူမကတော့ ထိုမြင်ကွင်းကို  အသက်မဲ့သောအမူအရာဖြင့်သာ စိုက်ကြည့်နေ၏။

ဧရာမကျောက်တုံးကြီးရှေ့ကို သူရောက်လာခဲ့လေပြီ။

ဘေးနားရှိအကြီးအကဲတစ်ယောက်က အေးတိအေးစက်စကားဆို၏။

"ယဲ့ချိုးပိုင်.. မင်းရဲ့လက်ကို ဧရာမကျောက်တုံးပေါ်ကိုတင်လိုက်"

ယခင်ကဆိုလျှင် သူ့အား အပြုံးတစ်ပွင့်ဖြင့် အသိအမှတ်ပြုတတ်လေ့ရှိသော ထိုအကြီးအကဲကို ယဲ့ချိုးပိုင် တစ်ချက်မျှကြည့်လိုက်မိသည်။ ထို့နောက် သူ့အကြည့်က ဖော်ရွေမှုကင်းမဲ့သောအမျိုးသမီးဆီကို ကျရောက်သွားသည့်အခါ တစ်စုံတစ်ရာကို နားလည်သဘောပေါက်လိုက်သောအရိပ်အယောင်တို့က သူ့မျက်ဝန်းထဲ လက်ခနဲဖြစ်သွားသည်။

သူတို့နှစ်ယောက်သည် သွားအတူစားအတူ အတူတကွသိုင်းပညာကျင့်ကြံခဲ့ကြသော ငယ်ကျွမ်းဆွေများပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now