3

288 41 4
                                    

Unicode

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

အပိုင်း ၃

   

ဇွန်လကုန်၊ နောက်ဆုံးစာမေးပွဲကလည်း ပြီးသွားပြီဖြစ်ကာ ကောလိပ်ကျောင်းသားတွေအတွက် နွေရာသီအားလပ်ရက် တရားဝင်စတင်လာသည်။

စုန့်အာ့နန်က တက္ကသိုလ်Bရဲ့ တောင်ဘက်တံခါးမှာ suitcase ကြီးကို မှီထားရင်း ဖုန်းကိုကြည့်ကာ လမ်းဘေးမှာ ရှိနေသည်။ သူက တစ်ယောက်ယောက်ကို စောင့်နေတယ် ဆိုတာ သိသာသည်။

ခဏအကြာ အနက်ရောင် ပြိုင်ကားတစ်စီးက မဝေးလှတဲ့ လမ်းဘေးနားမှာ ရပ်သွားသည်။

စုန့်အာ့နန် ဖုန်းပြောလို့ပြီးတော့ ပြိုင်ကားဘက်ကို လှည့်ကာ သူမရဲ့ ခရီးဆောင်အိတ်ကို တွန်းပြီး အဲ့ဒီကားဆီ အမြန်သွားလိုက်သည်။

ကားတံခါးပွင့်လာပြီး အရပ်ရှည်ပြီး ခြေတံရှည်ရှည်နဲ့ ဦးထုပ်ဆောင်းထားကာ မက်စ်တပ်ထားတဲ့ အမျိုးသားတစ်‌ယောက်ထွက်လာသည်။ အဲ့ဒါက စုန့်လင်းချွမ်ပင်။

“အန်တီ‌လေး၊ ခရီးဆောင်အိတ်ပေး၊  အန်တီလေးက ကားထဲကို အရင်ဝင်လိုက်” စုန့်လင်းချွမ်က ပြောလာသည်။

စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး ပတ်ပတ်လည်ကို သတိထားကြည့်လိုက်သည်။

"လင်းချွမ် နင် ဒီမှာ ဘာလုပ်နေတာလဲ?" သူမ မေးလိုက်သည်။

စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး "စိတ်မပူနဲ့၊ ငါအကုန်လုံး ဖုံးထားသလို ဒီမှာလည်း မှောင်နေတယ်။ဘယ်သူမှ ငါတို့ကိုသတိထားမိမှာ မဟုတ်ဘူး"

စုန့်အာ့နန်က ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ကျောင်းတံခါးဝတွင် လူတွေ သွားလာနေကြပေမယ့် ဘယ်သူမှ သူမတို့ကို အာရုံမစိုက်နေတဲ့အတွက် စိတ်အေးလက်အေး ဖြစ်သွားသည်။

သူတို့က ခရီးဆောင်အိတ်ကို ကာထဲထည့်လိုက်ပြီး ကားပေါ်တက်လိုက်ကြသည်။

နာရီဝက်လောက်ကြာတော့ ကားက လူနေရပ်ကွက်ထဲ မောင်းဝင်သွားသည်။

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်း အဆင့် အန်တီလေး (ဘာသာပြန်)Where stories live. Discover now