"ရေခဲဝယ်ဖို့ပါ မမေ့နဲ့အုံးနော်"
ခြံထဲဝင်ဝင်ချင်း သျှန်နှင့်မမသူသူတို့ကြားလိုက်ရသည့်အသံမှာ အန်တီကြည်ပြာအသံပင်။
"သျှန် လိုက်မှာလား"
"တော်ပါပြီ။ဆိုင်ကယ်ကဖြင့်လူမဆန့်ဘဲ"
"အေး အဲ့ဆိုဒိုးပြီ"
ယနေ့ သင်္ကြန်နောက်ဆုံးရက်ဖြစ်တာမို့ အန်တီကြည်ပြာတို့အိမ်တွင် ညဘက်စားပွဲသောက်ပွဲများကျင်းပကြမည်ဖြစ်သည်။ထိုအတွက်ကြောင့် သျှန်တို့မောင်နှမလာကူခြင်း။
"အော်....သျှန်တို့သူသူတို့ပါလား။လာ ကလေးတို့"
မမမှာ အန်တီကြည်ပြာတို့ ငါးကင်လုပ်မည့် နေရာသို့သွားကူတော့သည်။အချိန်က ညနေ၆နာရီလောက်ရှိမည်။
ဟင်! ဧကရီဆိုတဲ့ ဟိုလူရဲ့ရည်းစားကမပြန်သေးပါလား။ဧကရီဟူသော အစ်မကြီးမှာ ငုံးဉကင်၊ရုံးပတေသီးကင်၊အသားတု၊ကြက်သား၊ပင်လယ်စာအစုံ စသည်တို့ကိုကင်ဖို့စလုပ်နေသည်မို့ အတွေးကိုခနဖယ်ပြီး တတ်နိုင်သလောက်ကူညီဖို့သွားတော့သည်။
ကူညီမယ်လို့သာ အမည်ခံတာပါ။တကယ်က သျှန်က ဘာမှသိပ်လုပ်တတ်တာမဟုတ်။
"ကျွန်တော်...ဘာကူညီပေးရမလဲဗျ"
"အော်...ကလေးလေးပါလား။အမလေး ရပါတယ်နော် မမပဲလုပ်လိုက်မယ်"
ထိုအစ်မခေါ်တဲ့အခေါ်အဝေါ်ကြောင့် သျှန် ကြောင်တောင်တောင်ဖြစ်သွားသည်။
"မမက ကလေးလေးတို့ team ကမို့ ကလေးလေးကိုဖူးဖူးမှုတ်ထားချင်တာ။"
Team?။ဒီအစ်မကြီးဘာတွေပြောနေလဲ သျှန် လိုက်မမှီတော့။သို့ပေမယ့်
"ဟားဟား ရပါတယ်ဗျာ။တစ်စုံတစ်ဉာဏ်လင်းကြားရင် လာလုပ်နေပါလိမ့်မယ်"
"လုပ်ပစေ၊လုပ်ပစေ မမက အဲ့ဒါမျိုးဆိုသိပ်ကြိုက်တာ"
သျှန် တစ်ကယ်ဒီအစ်မကြီးကိုနားမလည်နိုင်။တစ်ကယ်တော့ ဒီအစ်မကြီးကလည်းပွင့်ပွင့်လင်းလင်းရှိပြီး ခင်ဖို့ကောင်းပါတယ်။
အင်းးးးအဲ့ဒီအချက်တွေကြောင့်ပဲ ဉာဏ်လင်းထင်ကသဘောကျတာထင်ပါရဲ့။
YOU ARE READING
Happy Thingyan
Romancemini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။