"လာလေ...ခင်ဗျားက လမ်းလျှောက်တာနှေးလိုက်တာ။ဟိုမှာ ကုန်သွားလိမ့်မယ်"
သျှန် အရှေ့မှသွက်သွက်လျှောက်နေသော်လည်း မိမိအနောက်ရှိသူမှာခပ်ဖြည်းဖြည်းသာလျှောက်နေသည်။ဓမ္မာရုံထဲတွင် စတုဒီသာကျွေးရာ ယခုထိုလူလုပ်ပုံနဲ့ နောက်ကျကာကုန်တော့မည်။
"မရှက်ဘူးလား။စတုဒီသာ စားရဖို့ဒီလိုလောနေတာ"
"မရှက်ပါဘူး။လာပါဗျာ...မြန်မြန်"
သျှန် ထိုလူ့အားရပ်စောင့်ကာ လက်ယက်ခေါ်နေတော့သည်။
"ဒီတစ်ခါနှေးရင် ကျွန်တော်မစောင့်တော့ဘူး။"
"ဟုတ်ပါပြီကွာ"
ဉာဏ်လင်းထင် သွက်သွက်လက်လက်လေးနှင့်စတုဒီသာမစားရမှာစိုးနေသည့် သျှန်ကိုကြည့်ကာ ခေါင်းတစ်ခါခါနှင့်ရယ်နေမိသည်။ဘယ်လိုတောင်များလဲ။
*
"ဟာ...အစ်ကို ပါ ပါလာတာပဲ"
သူရမှာ အစ်ကိုဖြစ်သူ ဉာဏ်လင်းထင်နားရောက်လာသည်။
"ဟျောင့် ဘယ်လိုလဲ"
"ရှိပါသေးတယ်ဟာ...တစ်နေကုန်ထိုင်စားတောင်မကုန်ဘူးစိတ်ချ။ဟိုမှာ ဟိုဝိုင်းသွားနေ လွတ်တယ်"
"အေး"
ဉာဏ်လင်းထင်ကိုတောင်မစောင့်နိုင်တော့ဘဲ လွတ်နေသည့်စားပွဲဝိုင်းတွင် သျှန်တစ်ယောက်သွားထိုင်နေလေသည်။
"အစ်ကိုရော မစားတော့ဘူးလား"
"အင်း...မေမေက သူ့ကိုလိုက်ပို့ခိုင်းလိုက်တာ"
သူ့ကို ဆိုပြီး ထမင်းထိုင်စားနေသည့်သျှန်ကို ကြည်နူးရိပ်သမ်းနေသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေသည်။ထိုအချင်းအရာကိုမြင်သည့် သူရမှာ အစ်ကိုဖြစ်သူနားကပ်ကာ
"အစ်ကိုနော် အစ်ကို...ဘာကြီးလဲ"
"ဘာကို ဘာကြီးလဲ"
ဉာဏ်လင်း မိမိထက်အရပ်အနည်းငယ်ပုသည့် ညီဖြစ်သူ သူရကိုငုံ့ကြည့်၍မျက်မှောင်ကုတ်ကာပြောလိုက်သည်။
"အစ်ကို့အကြည့်ကြီးတွေက ကျွန်တော်သိနေသလိုလိုပဲနော်"
"ပုံမှန်ပါပဲ"
KAMU SEDANG MEMBACA
Happy Thingyan
Romansamini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။