သင်္ကြန်အကျနေ့။
ဘာလိုလိုနှင့်သင်္ကြန်၏နှစ်ရက်မြောက်နေ့ရောက်လေပြီ။သျှန် တစ်ယောက်ယခုထိရေပက်မခံရသေးတာတော့အမှန်ပါ။ဘာလို့ဆို သျှန် ကိုယ်တိုင်ကလည်းရှောင်နေသည်လေ။အကျနေ့ဖြစ်သည့်အတွက် လမ်းထဲတွင်ကလေးများမှာ စောစောစီးစီးရေကစားနေကြသည်။
နှစ်ရက်မြောက်နေ့ဖြစ်သည့်အတွက် ပထမနေ့လိုမဟုတ်ဘဲ စည်ကားနေပြီ။စတုဒီတာ ကျွေးမည့်မဏ္ဍပ်များမှာလည်း ပေါလွန်းလှသည်။
"
🎵သင်္ကြန်ရေ........
ရည်းစားလေး ဆယ်ယောက်ရပါစေ...
မုန့်ဖိုးလည်းအများကြီးရပါစေ...
သျှန်သျှန် အတွက်နှစ်သစ်ဆုမွန်ကောင်းတောင်းတယ်🎵
ယနေ့ သူရတို့နှင့် လျှောက်လည်ကြမည်ဖြစ်သည်။ထိုအတွက်ကြောင့် သျှန် စောစောထနေခြင်း။သျှန် ပြင်ဆင်ပြီး အားနေသောကြောင့်သူ၏အခန်းကို သီချင်းလေးတစ်ကြော်ကြော်နှင့်သန့်ရှင်းရေးလုပ်နေသည်။
ပြတင်းပေါက်မှလှမ်းကြည့်တော့ ပိတောက်ပန်းများမှာအပြိုင်အဆိုင်ဝေဆာကာပွင့်နေကြသည်။ပန်းရနံ့များမှာလည်း မွှေးပျံ့လျက်။
"သျှန်..."
"အေး"
သူရအသံကြားတာမို့ အလည်ထွက်ဖို့လာခေါ်သည်ဆိုတာသိလိုက်သည်။ထို့ကြောင့် မှန်ရှေ့သွား၍ပွယောင်းနေသော ဆံပင်အားအနည်းငယ်ပုံပြန်သွင်းလိုက်သည်။
"မပြီးသေးဘူးလား မင်းကလည်း"
"ပြီးပါပြီဟ ခနလေး"
ဆံပင်အားပုံပြန်သွင်းပြီးသည်နှင့် ရေစိုခံအိတ်ဖြင့်ထည့်ထားသောဖုန်းအိတ်ကိုလည်ပင်းဆွဲကာထွက်ခဲ့လိုက်သည်။
"သွားမယ် သွားမယ်။နောက်ကျမှာစိုးလို့"
"တစ်နေကုန်နေမှာပဲဟာ အေးဆေးပေါ့။ကားရောက်ပြီလား"
"အခုလေးတင်ပဲ"
သူရတို့အိမ်ထဲရောက်တော့ လူပင်အတော်စုံနေလေပြီ။
"ဟ!မမ နင်ပါလိုက်မှာလား"
"အေးပေါ့ ကြုံတောင့်ကြုံခဲဟာ"
YOU ARE READING
Happy Thingyan
Romancemini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။