အပိုင်း ( ၆ )

434 37 5
                                    

'ဆွမ်းတော်....ဗျို့'

ဒေါင်...

'ဆွမ်းတော်.....ဗျို့'

ဒေါင်....

ကြေးစည်တီးသံနှင့်အပြိုင် ရပ်ကွက်လမ်းထဲသို့ဝင်ရောက်လာသော သံဃာတော်များ။
သျှန် မေမေနှင့်ဆွမ်းထမင်းများကိုခူးခပ်၍သံဃာတော်များအလာစောင့်နေစဉ် တစ်ဖက်ခြံမှအန်တီကြည်ပြာတို့ကလည်း ဆွမ်းထမင်း၊ဆွမ်းဟင်းများကို သယ်၍အိမ်ရှေ့ထွက်လာကြသည်။

ဟင်...ဟိုလူ။

သျှန် အန်တီကြည်ပြာတို့ကိုကြည့်နေရာမှ ချက်ချင်းမျက်နှာလွှဲပစ်လိုက်သည်။ခနအကြာ သံဃာတော်များအား ဆွမ်းလောင်းပြီးစီးတော့ အန်တီကြည်ပြာတို့မှာ သျှန်တို့ခြံဘက်လျှောက်လှမ်းလာသည်။သျှန် မေမေနောက်ဝင်ကွယ်၍ မျက်နှာငုံ့ထားလိုက်သည်။

မေမေနှင့်အန်တီကြည်ပြာတို့ တစ်ယောက်နှင့်တစ်ယောက်စကားပြောနေကြသော်လည်း ဉာဏ်လင်းနှင့်သူမှာတော့ တစ်ချက်တစ်ချက်အချင်းချင်းခိုးကြည့်ရုံသာရှိသည်။

ဘာရယ်ကြောင့်မသိ ယနေ့သင်္ကြန်အကြတ်နေ့က တိတ်ဆိတ်လွန်းလှသည်။မျက်နှာတည်တည်နှင့်နေနေသော ဉာဏ်လင်းကိုကြည့်၍ သျှန် စိတ်ထဲတစ်မျိုးဖြစ်နေသည်။ခါတိုင်းဆို သျှန်ကိုမြင်တာနဲ့ခေါင်းလေးပုတ်လိုက်၊ စနောက်လိုက်နှင့်ပင်။ယခုတော့....။

မေမေနှင့်အန်တီကြည်ပြာတို့မှာ သူတို့ကိုသတိမထားမိ။ခနအကြာ မေမေလည်းကိုယ့်ခြံကိုဝင်၊အန်တီကြည်ပြာလည်း သူတို့ခြံဘက်သူတို့ပြန်သွားသည်။

သျှန် ခြံထဲပြန်မဝင်ခင် ဉာဏ်လင်းကိုတစ်ချက်လှမ်းကြည့်လိုက်သေးသည်။ခဲရောင် shirt အတိုကိုပုဆိုးနှင့်တွဲဝတ်ထားသော ဉာဏ်လင်းမှာ လူငယ်ဆန်ဆန်ဝတ်စားထားလည်း သန့်ပြန့်နေသလို လူကြီးဆန်ဆန်ဝတ်စားထားပြန်ရင်လည်းခန့်ညားနေသည်မှာအမှန်ပင်။

အန်တီကြည်ပြာနှင့်မေမေမှာ ဉပုသ်ကျောင်းကိုသွားကြသည်။အိမ်တွင် ဖေဖေ၊သျှန်နှင့်မမပဲကျန်နေခဲ့သည်။ဖေဖေကလည်း သူ့အလုပ်ခန်းထဲသူဝင်နေသည်။မမမှာလည်း K series ကြည့်နေသည်မှာ အသ‌ံတောင်မကြားရ။

Happy Thingyan Where stories live. Discover now