သင်္ကြန်အကြိုနေ့။
🎵ကျီစားသလား...
ကျီစားရင်စိတ်ဆိုးမလား..🎵
နားထဲပျံ့လွင့်လာသော ဆူညံညံသီချင်းသံတွေကြောင့် အိပ်လို့လုံးဝမရတော့။အိပ်ယာထက်တွင် နားနှစ်ဖက်ကိုခေါင်းအုံးဖြင့် အုပ်ကာလူးလှိမ့်နေ သော်လည်း သီချင်းသံမှာပျောက်မသွားပေ။
"ဟာ...လခွမ်းပဲ"
အိပ်လို့လုံးဝမရတာကြောင့် လှဲနေရာမှငုတ်တုတ်ထကာ အိပ်ချင်မူးတူးဖြင့်ဆဲမိလိုက်သည်။
"ဘောပဲ...အခါကြီးရက်ကြီးမှာဆဲမိပြန်ပြီ"
သီချင်းသံကြောင့်အိပ်မရတာတစ်မျိုး၊ဆဲမိလို့တစ်မျိုး စိတ်ကဘယ်လိုမှမကြည်တော့။ငုတ်တုတ်ထထိုင်နေသော်လည်း မျက်လုံးကလုံးဝမပွင့်။ဆံပင်များမှာလည်း ဟိုတစ်စ၊သည်တစ်စနှင့်ထိုးထိုးထောင်ထောင်ဖြစ်နေသည်။
"သျှန်ရေ...သား ထတော့လေ"
"ထနေပြီ"
တံခါးဝမှ မေမေ့ခေါ်သံကြောင့် သျှန်ပြန်ထူးလိုက်သည်။သို့သော် မျက်လုံးကလုံးဝမပွင့်။
"ထနေပြီဆိုလည်း ရေမိုးချိုးပြီးအောက်ဆင်းခဲ့တော့လေ။သား သူငယ်ချင်းတွေတောင်လာပြီးသွားပြီနော်"
"ဟမ့်! ကန်တော့ပြီးမုန့်ဖိုးလာတောင်းတာမလား။အဲ့ဟာတွေကအဲ့အတိုင်းပဲ ကန်တော့ပစ္စည်းကနည်းနည်းနဲ့ ပေးလိုက်ရတဲ့မုန့်ဖိုးကျအုပ်စုလိုက်။သား သူတို့အိမ်,ပြန်သွားတောင်းမှာ"
"ဟဲ့..အော် မျက်နှာကဖြင့်သစ်ပြီးပြီလားမသိ။စောစောစီးစီး အကုသိုလ်ယူနေတယ်။ထ တော့ ထထ"
"သား သစ်ပြီးသွားလို့ရေတောင်ချိုးပြီးပြီ"
"သျှန်...ငါနင့်ကိုမွေးထာတာ။နင့်ဗိုက်ထဲ အူဘယ်နှစ်ခွေရှိလဲကအစသိတယ်။မြန်မြန်ရေချိုးပြီး အောက်ဆင်းခဲ့"
အသံထပ်မကြားရတော့တာကြောင့် မေမေမရှိတော့ဘူးဟုယူဆလိုက်သည်။ဒါပဲ။သားဗိုက်ထဲအူဘယ်နှစ်ခွေရှိလဲလို့ပြန်မေးရင် အလှော်ကခံရသေး။သူတို့ပဲသိတယ်ပြောပြီးတော့။
သျှန်တစ်ယောက် အိပ်ယာပေါ်ကမထသေးဘဲ ထိုင်တွေးတောနေမိသည်။သူစဉ်းစားနေတာ ရေချိုးရင်ကောင်းမလားဆိုတာပင်။
ESTÁS LEYENDO
Happy Thingyan
Romancemini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။