အပိုင်း ( ၂ )

658 55 3
                                    

"အားးးဘာလုပ်တာလဲဗျ"

"ဒါကဘယ်ပြေးဖို့ကြံတာလဲ"

သျှန် လူမှားပက်မိပြီဆိုတာသိလိုက်သည်နှင့် ထိုနေရာမှထွက်ပြေးဖို့ကြံသော်လည်း ဂုတ်ကနေဆွဲကာ အတင်းဆွဲဖက်ထားသူကြောင့် သျှန်လန့်ဖြတ်သွားရသည်။

"မင်းက ရေဆော့ချင်နေတယ်ပေါ့"

သျှန် နားနားကပ်ကာပြောသည့်အသံမှာ တိုးသော်ငြားလည်း သျှန်နားထဲတွင်မိုးကြိုးပစ်ချသည်နှယ်ကျယ်လောင်နေသည်။

"မဟုတ် မဟုတ်ဘူးဗျ။ကျွန်တော် လူမှားပက်မိတာ"

"ပက်တုန်းကပက်ပြီးအခုလိုထွက်ပြေးလို့ရမလား"

ထိုသူမှာ သျှန်ကိုဖက်ထားရာမှမလွှတ်သေး။

"ကျွန်တော့်ကိုလွှတ်ပေးပါ"

"လွှတ်ပေးမှာပေါ့"

ထိုသို့ပြော၍ သျှန်ကိုဖက်လျက်ပင်တစ်နေရာဆွဲခေါ်သွားသောကြောင့် သျှန် ပြာပြာသလဲဖြစ်သွားရသည်။

"ဘာ ဘာလုပ်မလို့လဲဗျ"

"ရေပက်ပေးမလို့လေ။မင်းပဲ ရေဆော့ချင်နေတာမလား"

"မဆော့ချင်ဘူး။တောင်းပန်ပါတယ်။ကျွန်တော့်ကိုလွှတ်ပေးပါ။ကျွန်တော်ရေချိုးပြီးသား"

"မင်းကလုပ်ခဲ့တဲ့အမှားကိုမတောင်းပန်ဘဲ မင်းကိုလွှတ်ဖို့ချည်းပဲပြောနေတာပဲ"

"မရည်ရွယ်ပါဘူး။ခင်ဗျားကို သူရနဲ့မှားမိတာပါ။တောင်းပန်ပါတယ်။ရေချိုးပြီးသားမို့ မပက်ပါနဲ့"

ရေချိုးပြီးသားမို့ရေပက်မခံချင်ဘူးလို့ပြောနေတဲ့အနှီကောင်လေးကို ဉာဏ်လင်းထင် အူယားလာပြီဖြစ်သည်။အစကပြန်ပက်ဖို့ မရည်ရွယ်ထားပေမယ့် ဇွတ်အတင်းအပက်မခံချင်နေသူကို စ ချင်လာသည်။ဒီကောင်လေး ဘယ်သူများလဲ။

"ကိုယ့်ညီနဲ့ မှားတာ"

ကိုယ့်ညီနဲ့မှားတာ ဟူသောစကားမှာ သျှန်နားထဲတွင်အကျယ်လောင်ဆုံးမြည်ဟီးသွားသည်။သူရက သူ့ညီဆိုတော့ ဒီ ဒီလူကမဟုတ်မှလွဲရော။သျှန် နားထဲတွင်အချက်ပေးခေါင်းလောင်းသံများတစ်ပြိုင်နက်တည်းမြည်လာပြီး သျှန်  ထိုလူ့လက်ထဲမှာအားကုန်ရုန်းချလိုက်သည်။

Happy Thingyan Where stories live. Discover now