"အေးနေသေးလား...."
"နည်းနည်းပဲ"
မိမိမျက်နှာအားငုံ့မို့ကြည့်ကာမေးလာသော ဉာဏ်လင်း၏အမေးကို မျက်နှာလွှဲကာဖြေလိုက်သည်။သျှန် မျက်လုံးထောင့်စွန်းမှကပ်ကြည့်တော့ ထိုလူမှာနှုတ်ခမ်းတွန့်ရုံမျှပြုံးနေသည်။
"အစ်ကို ကျွန်တော်လည်းအေးတယ်"
"မင်းကဘယ်တုန်းက အေးတတ်သွားတာလဲ"
"ဟ! ကျွန်တော်လည်းလူပဲ။သျှန် အေးသလိုကျွန်တော်လည်းအေးတာပေါ့"
သူရ မျက်နှာမဲ့ရွဲ့သွားသည်။အစ်ကိုက သူ့စကားကိုမျက်နှာလွှဲခဲပစ်လုပ်သွားသည်လေ။ညီအရင်းတစ်ယောက်လုံးကိုပစ်ပြီး သူငယ်ချင်းဖြစ်သူကိုသာဉီးစားပေးနေသည်။
"အေးနေရင် လာခြုံလေ။နေရာလဲမယ် လာ..."
"မအေးဘူး။ထိုင်နေ..."
သျှန် သူရနှင့်နေရာလဲဖို့ထရန်ပြင်တော့ "မအေးဘူး ထိုင်နေ"ဆိုပြီး သျှန်၏ခန္ဓာကိုယ်ကိုထိုလူမှာပြန်ဆွဲချလေသည်။ဟန်ချက်မညီဘဲ သျှန်တစ်ယောက် ဉာဏ်လင်းအပေါ်သို့ပစ်ကျသွားသည်။
ရင်ခွင်ထဲကွက်တိကျလာသော သျှန်ကို ဉာဏ်လင်း မသိသလိုလိုနှင့်မလွှတ်ပေးဘဲဖက်ထားပစ်လိုက်သည်။
"ဆော..ဆောရီးဗျ"
"ရတယ်..."
"ဟုတ်...လွှတ်ပေးအုံးလေ"
"အေးနေတာမလား။အငြိမ်နေနေ"
"မအေးတော့ဘူး"
"ငြိမ်နေပါဆိုကွာ...."
"အမလေးလေး...ဉာဏ်လင်းကြောင့်သွေးတွေဆောင့်တိုးပြီ"
ကားထဲရှိသူများမှာ ဉာဏ်လင်းထင်၏သူငယ်ချင်းအရင်းကြီးများဖြစ်ကြသည်တဲ့။
ယခုဆို သျှန်မှာ ဉာဏ်လင်းရင်ခွင်ထဲရောက်နေပြီး ဉာဏ်လင်း၏အတင်းအကျပ်ဖက်ထားခြင်းကိုလည်းခံနေရသေးသည်။နှစ်ယောက်လုံးအပေါ်မှလည်း မိုးပြာရောင်တဘက်လေးကလွှမ်းထားသည်။
"မအေးတော့ဘူးဗျ။အသက်ရှုကြပ်လာပြီ။ခင်ဗျား အနိုင်ကျင့်ပြန်ပြီလား"
သျှန် တစ်ကယ်ပင်ကျဉ်းကျပ်လာသည်။မိမိနှာခေါင်းကလည်း ဉာဏ်လင်း ရင်ဘတ်နားကပ်နေသည်မို့ ဉာဏ်လင်း၏ရေမွှေးနံ့ကြောင့်ခေါင်းပင်မူးလာသည်။
YOU ARE READING
Happy Thingyan
Romancemini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။