အပိုင်း(၅၂၂)

Start from the beginning
                                    

ထျန်းကျင်းရွှမ်က ခဏခေါင်းငုံ့လိုက်ပြီး ဖန်ယွီပြောသမျှကို ပြန်စဉ်စားသော်လည်း ခွန်းတုံ့ပြန်နိုင်သော စကား ထွက်မလာခဲ့ပေ။

"အိမ်ပြန်ပြီး သေချာစဉ်းစားပါ။ ယန်ရှုအတွက် မင်းဘာတွေကို အကောင်းဆုံး လုပ်ပေးနိုင်လဲ"

"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ပီအာအဖွဲ့က တစ်ခါလေးတောင် မရှုံးနိမ့်ဖူးတာ ဘာကြောင့်လဲဆိုတာ ငါ အခုတော့ နားလည်သွားပြီ"

"ဟမ်"
ဤတစ်ကြိမ်တွင် ဖန်ယွီ နားလည်ရခက်သည့် အလှည့် ဖြစ်သည်။

"မင်းက အဲဒီအဖွဲ့ကို ဦးဆောင်နေလို့လေ"

ဖန်ယွီ နှစ်ပေါင်းများစွာ တည်ဆောင်ထားသော  အင်တာနက်ကွန်ယက် ချိတ်ဆက်မှု နှင့် အတွေ့အကြုံများက ဂုဏ်ယူဝင့်ကြွားရန် ထိုက်တန်သည်။ ထို့ကြောင့်လည်း ထျန်းကျင်းရွှမ်က ဖန်ယွီ၏ဆိုဆုံးမမှုကြောင့် အရှက်ရခြင်း မရှိခဲ့ပေ။ ဖန်ယွီပြောခဲ့သည့် စကားတိုင်းကို လေးလေးနက်နက် စဉ်းစားပြီးနောက် သူ သိခဲ့သည့် အချက်ကား စုန့်ယန်ရှုကို အလုပ်ထုတ်လိုက်ခြင်းသည် သူ့အလုပ်အများစုက  ပြန်လည်လုပ်ကိုင်ရမည့် သဘော ဖြစ်နေသည်။

အိမ်ပြန်လမ်းတလျှောက်လုံး ဖန်ယွီ ပြောခဲ့သော စကားများက ထျန်းကျင်းရွှမ်၏စိတ်ထဲ ထပ်တလဲလဲ ကြားယောင်နေသည်။ နောက်ဆုံးတော့ သူက လမ်းတစ်ဝက်မှာ ကားကို လှည့်လိုက်ပြီး စုန့်ယန်ရှု၏တိုက်ခန်းသို့ ကားတန်းမောင်းခဲ့သည်။ သို့သော်လည်း သူမ၏တိုက်ခန်းရှေ့ ရောက်ရောက်ချင်း လူငယ်တစ်ဦးက သူ့သွားမည့်လမ်းကို ပိတ်ရပ်သည်။

ထျန်းကျင်းရွှမ် အတော်အတန် အံ့အားသင့်မိသော်လည်း ယင်းအမျိုးသားက သူ့ကို လေးလေးနက်နက် စကားပြောလာသည်။
"မင်းရဲ့ကားထဲ စကားသွား ပြောမယ်"

"ခင်ဗျားက ဘယ်သူလဲ"
ထျန်းကျင်းရွှမ် မေးမြန်းသည်။

"ငါက ယန်ရှုနဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ဖူးသူပဲ"
ထိုလူက ထျန်းကျင်းရွှမ်ကို ကားထဲ တွန်းပို့သည်။

ထျန်းကျင်းရွှမ်က ၎င်းအမျိုးသားကို ခပ်ရေးရေးမျှ မှတ်မိသွားသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်မှ အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ၎င်းက ကြည့်ကောင်းနေသည်။
"ဘာအကြောင်းကိစ္စလဲ အသေအချာ ပြောစမ်းပါ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now