အပိုင်း(၅၁၇)

Start from the beginning
                                    

ဤခြိမ်းခြောက်သံကို ကြားပြီးနောက် လူတိုင်း တုန်လှုပ်သွားသည်။

သူမ၏တုံ့ပြန်မှုက တစ်စုံတစ်ရာကို ဖုံးကွယ်ထားပုံပင်။

သို့သော်လည်း ကောင်းအတွင်းရေးမှူးက အခြေအနေ၏လေးနက်မှုကို မဆုံးဖြတ်နိုင်သူ မဟုတ်ပေ။ ထျန်းနင်က သူမ၏ကံတရားကို အပြည့်အဝ ထိန်းချုပ်ထား၍ သူမက ထျန်းနင်၏စကားကို နာခံရမည်။
"တကယ်အမှန်တရားက ရှားသူဌေး ပြန်ပေးဆွဲခံရတာ မဟုတ်ဘူး။ သခင်မလေးထျန်းရွှမ် ငှားထားတဲ့ လူတွေက ဖမ်းခေါ်သွားတာပါ။ သူ သေလား ရှင်လား ငါလည်း သေချာ မသိဘူး"

"ထျန်းရွှမ်သခင်မလေးက စီအီအို ရာထူး လိုချင်တယ်။ ရှားသူဌေးကို ဖယ်ထုတ်လိုက်ရင်  သူ့အိပ်မက်တွေ အကောင်ထည်ဖော်နိုင်မယ် တွေးထားတာလေ။ ဒါပေမဲ့ သူ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ကြုံတွေ့ရတယ်"

"နင် လိမ်ညာနေတာပဲ"
ထျန်းရွှမ်က ဒေါသတကြီး အော်ငေါက်သည်။
"ဒီလိုစကားတွေ ပြောဖို့ ထျန်းနင်က နင့်ကို ငွေပေးထားတာလား"

"ထျန်းရွှမ်သခင်မလေး၊ ငြင်းနေတာ ရပ်လိုက်ရင် အကောင်းဆုံးပဲ။ ငါ့လက်ထဲမှာ သက်သေတွေ အများကြီး ရှိတယ်။ နင် ကိုယ်လွတ်ရုန်းလို့ မရဘူး"

ထျန်းရွှမ်၏မျက်လုံးများက ပို၍ ပြူးကျယ်လာသည်။ သူမ၏မျက်ဝန်းများက နီရဲနေ၍ ကြောက်လန့်နေသော ခံစားချက်ကို မဖုံးကွယ်နိုင်ပေ။
"ငါ ဘာမှ မလုပ်ဘူး။ အဲဒီအောက်တန်းစားမက ငါ့ကို ချောက်ချနေတာပဲ..."

သို့သော်လည်း  မည်သူကမှ ထျန်းရွှမ်၏စကားကို ထပ်မယုံကြည်ကြပေ။

ထျန်းရီချန်းက သူမ၏မိသားစုဝင်များ အချင်းချင်း တိုက်ခိုက်နေခြင်းကို မမြင်ချင်၍ ထမင်းစားဝိုင်းမှ ထထွက်သွားသည်။ ထျန်းကျင်းရွှမ်က ထျန်းနင်ကို ကာကွယ်ပေးရန် ဘေးနား အသင့်ရှိနေသည်။ ထျန်းရွှမ်က စိတ်ရူးပေါက်ပြီး ထျန်းနင်ကို ဒုက္ခပေးလာနိုင်သည်။

"ထျန်းနင်၊ နင်က ငါသေမှ ကျေနပ်မလား"

"နင် အရင်တုန်းက ငါ့ကို ဒုက္ခပေးခဲ့တဲ့ဟာတွေရဲ့ တစ်ထောင်ပုံတစ်ပုံတောင် ငါက နှိပ်စက်ရသေးလို့လား။ အခုမှ အစပဲရှိသေးတယ်"
ထျန်းနင်က ကောင်းအတွင်းရေးမှူး၏ ဖုန်းကို ဆွဲမထုတ်ခင် အေးစက်စက် ပြောလိုက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now