အတွင်းရေးမှူး တုန်ရီလာ၍ သူ့လက်များ ချွေးပြန်လာသည်။
"ရှားသူဌေးကို ဓားပြတွေ ပြန်ပေးဆွဲသွားတာလေ။ ငါနဲ့ ဘာများ သက်ဆိုင်လို့လဲ"

"ဒါဆိုရင် ဘာလို့ နင့်ကိုရော မဖမ်းသွားတာလဲ"
ထျန်းနင်က ကောင်းအတွင်းရေးမှူးကို ပြန်မေးသည်။
"ကောင်းအတွင်းရေးမှူး ငါတို့က နားလည်မှုရှိတဲ့သူတွေပါ။ ဝေ့လည်ကြောင်ပတ် လုပ်မနေစမ်းပါ။ နင့်လှုပ်ရှားမှုတိုင်းကို ငါ သိနေတည်းက နင်နဲ့ ထျန်းရွှမ်ရဲ့ လုပ်ရပ်တိုင်းကို ငါ စုံစမ်းမိပြီသားပါ"

"ဖြစ်ပျက်သမျှ ကိစ္စကို နင် မပြောရင်တောင် ငါက အမှန်တရားကို စုံစမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါက နင့်အတွက် အရမ်းကို အကျိုးမရှိမှာ စိုးရိမ်ရတယ်"

"နင် မပြောတော့ ငါက နည်းနည်း အားထုတ်ပြီး စုံစမ်းရမှာပေါ့။ ဒီလိုဆိုရင်တော့ နင့်ကို ဆုံးဖြတ်ဖို့ အချိန်ပေးလိုက်မယ်"

ထိုစကားကိုပြောပြီးနောက် ထျန်းနင်က ခေါင်းငုံ့လိုက်ပြီး အလုပ်ဆက်လုပ်သည်။ သို့သော်လည်း ထျန်းနင် နှုတ်ဆိတ်နေလေ ကောင်းအတွင်းရေးမှူး ပို၍ တုန်ရီလာသည်။ သူ့အရှေ့ရောက်နေသော အမျိုးသမီးက ထျန်းရွှမ် မဟုတ်နေ၍ အလွယ်တကူ အရူးမလုပ်နိုင်ပေ။

"နင့်ကို တစ်မိနစ် အချိန်ပေးမယ်"

ကောင်းအတွင်းရေးမှူးက စိုးရိမ်တကြီး တံထွေး မျိုချလိုက်ပြီး လက်ဖဝါးများကို ပွတ်နေမိသည်။ အတွေးထဲ လွန်ဆွဲနေပြီးမှ နောက်ဆုံးတော့ သူမ အရှုံးပေးလိုက်သည်။
"ငါ အားလုံး ပြောပြမယ်။ ဒါပေမဲ့ ငါ့ကို ရဲစခန်း မပို့ဘူးလို့တော့ ကတိပေးရမယ်"

"ငါ ကတိပေးနိုင်ပေမဲ့ နင် ငါ့အတွက် တစ်ခုတော့ ပြန်လုပ်ပေးရမယ်"

...

ထျန်းရွှမ်က ထျန်းအိမ်တော်မှ လွဲလျှင် နေစရာ မရှိ၍ ထျန်းအိမ်တော်မှာ ဆက်လက်နေထိုင်ခဲ့သည်။ ထျန်းရွှမ် အမှားမျိုးစုံကို ကျူးလွန်ထားသော်လည်း ထျန်းအကြီးအကဲက ကလေးမျက်နှာကို ထောက်ထားပြီး ထျန်းရွှမ်ကို ထျန်းအိမ်တော်မှာ ဆက်လက် နေထိုင်ခိုင်းခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)जहाँ कहानियाँ रहती हैं। अभी खोजें