အပိုင်း(၅၁၃)

Start from the beginning
                                    

ထျန်းနင်က ပွဲပြီးချိန်မှ လူလုံးထွက်ပြမည်ဖြစ်၍ ယခုအချိန်အထိ မပေါ်လာသေးကြောင်း လင်းရှောင်ယွမ် ယူဆခဲ့သည်။ ထျန်းနင် ကဲ့သို့ မော်ဒယ် တစ်ဦးက ယခုလိုပွဲမျိုးကို လွဲချော်ခွင့် ပြုမည်နည်း။

သို့သော်လည်း လင်းရှောင်ယွမ်၏ ယူဆချက် မှားယွင်းသွားခဲ့သည်။ ထျန်းနင်က ပွဲစချိန်တည်းက ပွဲကျင်းပမည့် နေရာသို့ ဝင်ရောက်နေပြီး သူမက ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ကာ ရုပ်ဖျက်ပြီး လူအများကြား ထိုင်နေ၍ သတိမထားမိခြင်း ဖြစ်သည်။

ထျန်းနင် နှင့် မို့ထင်တို့ နှစ်ဦးစလုံးက အနည်းငယ် လူကွယ်သော နေရာတွင် ထိုင်ကာ ဧည့်သည်များကြား ရောနှောနေသည်။ သူတို့ဝတ်ဆင်ထားသော ဝတ်စုံများက ဝန်ထမ်းဟုပင် ထင်ရသည်။

"စင်ပေါ် မတက်ဖို့ တကယ်ဆုံးဖြတ်လိုက်တာလား"
မို့ထင်က ထျန်းနင် အနား တိုးကပ်ကာ မေးမြန်းသည်။ သူက ထျန်းနင်၏ သိုသိုဝှက်ဝှက် နေတတ်သော အမူအကျင့်နှင့် နေသားကျနေသော်လည်း သူ့ဇနီး ကြိုးစား အားထုတ်ထားသော အလုပ်ကို တခြားသူက နာမည်ကောင်း ယူသွားမည်ကို မကြည့်ရက်ပေ။

"ချစ်လေးတို့ ကလေးက ပိုအရေးကြီးပါတယ်"
ထျန်းနင်က သူမ၏ဝမ်းဗိုက်ကို ပွတ်နေသည်။
"ဒီလို မပြောပလောက်တဲ့ တောက်ပမှုမျိုးကို ချစ်လေးက ဂရုစိုက်ဖူးလို့လား"

မို့ထင်က နွေးထွေးစွာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

...

ထျန်းရွှမ်က ထျန်းအကြီးအကဲကို အမွေခွဲပေးရန် တောင်းဆိုခဲ့သည့် ညကတည်းက သူမ ရုတ်တရက် နှုတ်ဆိတ်သွားခဲ့ပြီး ပြဿနာ မရှာခဲ့ပေ။ သူမ၏စိတ်အခြေအနေက ပုံမှန်မဟုတ် တည်ငြိမ်နေသည်။

ထျန်းအကြီးအကဲက သူမ၏စိတ်နေစိတ်ထားကို ခန့်မှန်းရန် ပို၍ပို၍ ခက်ခဲလာသည်။ သူမကို နောက်ကွယ်မှ အကြံဉာဏ်ပေးသူ ရှိနေသည်ဟု သံသယဝင်မိသည်။ ဟိုးယခင်တုန်းက သူမကို အကြံပေးသူက အမေကျုံး ဖြစ်ခဲ့ပြီး ယခုက မည်သူ ဖြစ်နိုင်မည်လော။

ဖိတ်ကြားထားသော  ကျော်ကြားသည့် အနုပညာရှင်များက ကုန်ပစ္စည်းပြပွဲသို့ တက်ရောက်ကြသည်။ အနီရောင် လျှောက်လှမ်းကို ဖြတ်ကျော်ပြီးနောက် သူတို့ ထိုင်ရမည့် ထိုင်ခုံသို့ သွားကြသည်။ ဤဧည့်သည်တော်များကြောင့် Crown's Star Hotelက ပရိသတ်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now