အပိုင်း ၂၇ unicode

Start from the beginning
                                    

အိပ်ခါနီး တိုင်း ရေချိုးတတ်သည့် အကျင့်ကြောင့် ရစ်သန် ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်။

အပေါ်မှ ကျလာသော ရေစက်များကို ခံယူနေရင်း
တံခါးခေါက်သံနဲ့အတူ ကြားရသော ဘုန်းမြတ် အသံ

"ရစ်သန်ရေ မပြီးသေးဘူးလား ကြာနေပြီနော်"

"စောနကမှ ချိုးတာကို"

"အကြာကြီး မလုပ်နဲ့လို့"

ရစ်သန်လည်း ရေသာ ဆက်ချိုးနေလိုက်သည်။

ရစ်သန် ရေချိုးခန်းထဲမှ bathrobe ဝတ်ကာ ထွက်လာတော့ ဘုန်းမြတ်သည် ကုတင်ပေါ်တွင်
ထိုင်ကာ ဖုန်းကိုင်နေလေသည်။
သူထွက်လာတာ မြင်တော့ ဖုန်းကိုင်နေရင်း ကြည့်နေသည်ကို မျက်စိထောင့်မှ မြင်ရသည်။

ရစ်သန်လည်း အခန်းထောင့်မှ
ဗီရိုဆီ သွားကာ ညအိပ်ဝမ်းဆက်ကို ယူကာ ရေချိုးခန်းထဲ ပြန်ဝင်မည်လုပ်တော့

"ဟင်.. ဘယ်သွားမို့လဲ"

"အကျႌသွား ဝတ်မလို့လေ"

"ဒီမှာ ဝတ်လို့ ရတာ ကို"

"မင်းရှိနေလို့လေ"

အခန်းထဲမှ အကျႌဝတ်ပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်တွင်
အိပ်နေသည့် ဘုန်းမြတ်။
စောနကတောင် ဖုန်းကိုင်နေတာပါ။
အခုကျ... ချက်ချင်းကြီး
ဘာဖြစ်ပြန်တာလဲ မသိ

ရစ်သန် အိပ်ယာနားကို လျှောက်သွားတဲ့အထိ အိပ်ချင်ယောင်ဆောင်သူက မလှုပ်သေး။
ကုတင်ပေါ်တွင် ဝင်ထိုင်တော့ မွေ့ယာက အိခနဲ။

မျက်လုံးပေါ်ကို လက်တင်ပြီး အိပ်ချင်ယောင်ဆောင်နေသူ၏ လက်များကို အောက်ကို ချလိုက်သည်။
ဒါလည်း မလှုပ်သေး။ နှုတ်ခမ်းတွေကလည်း စေ့ထားသေးလေသည်။
မျက်တောင်ကတော့ မှိတ်ထားရင်း လှုပ်ခတ် လှုပ်ခတ်။

မျက်နှာ နားကို ကပ်သွားကာ ဆိုက်ကြည့်လိုက်တော့

"အင့်"

ဘုန်းမြတ်သည် သူ့အား စိုက်ကြည့်နေသူ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ လှဲချလိုက်သည်။
ထို့ကြောင့် စောနက ထိုင်နေသော ရစ်သန်က အခု ဘုန်းမြတ်ရင်ခွင်ထဲတွင် ဖြစ်သည်။

BF was BF (Ongoing)Where stories live. Discover now