အပိုင်း ၂၆ zawgyi

Start from the beginning
                                    

အလယ်ထဲ ကနေ တစ်ရှုးပေးရ တူပေးရ စကားပြန်ပေးရနှင့်။

အောက်ထပ်က အချိုရည်ဆို၍် သွား ဝယ်သော ဘုန်းမြတ်သည် စတော်ဘယ်ရီဖျော်ရည်  5 ဗူး ဝယ်ကာ ဆိုင်ထဲ ပြန်ဝင်လာလေသည်။

ထို့နောက် ထွန်းလင်းဦးလက်ထဲ ထည့်ကာ ရစ်သန့်အား ပေးခိုင်းသဖြင့် ပေးလိုက်သည်။

"ထွန်းလင်းဦး သူ့ကို တစ်ဗူးအခုသောက်ပြီး ကျန်တဲ့ တစ်ဗူးက အိမ်မှာသောက်ဖို့ ယူသွားလို့ပြောလိုက်"

"ကဲ ရစ်သန်ရေ ဒီဟာသောက် နောက်ထပ်တစ်ဗူးက အိမ်ယူသွားတဲ့။
စိတ်ညစ်တယ်ကွာ မင်းတို့တွေ နဲ့။
ငါ မင်းတိုကြာ့းထဲ မနေတော့ဘူး။ "

ထွန်းလင်းဦးက ပြောပြောဆိုဆိုနေရာပြောင်းရန် ပြင်နေ၍
ဘုန်းမြတ် ဂုတ်ကနေဖိကာ ဆွဲထားလိုက် သည်။

"အ့ ငါလိုးမသား ဘုန်းမြတ် လွှတ်ဟ့"

"ငြိမ်ငြိမ်လေး ထိုင်နေစမ်းပါ"

"ချီးပဲ ချီး မင်းတို့ဒီလောက် သည်းကဲနေတဲ့ ကြား ဘယ်လိုထိုင်ရမှာ။
စိတ်မဆိုးတာလဲ မဟုတ်ပဲ မူနေကြတယ်။ ငါ
စိတ်တိုရင် ဘုန်းကြီး ဝတ်ပစ်လိုက်မှာ ဘာမှတ်.... "

ထွန်းလင်းဦး၏ ရှုးရှုးရှဲရှဲဒေါသတကြီး ပြောသံကို ကြား၍ အကုန်ရီကြလေသည်။

"ဟား ဟား ဘုန်းမြတ်ရေ။
အဲ့လဒ ကောင်ကို စိတ်ညစ်အောင် ဝိုင်းလုပ်ကြ။
ဒါမှ ဘုန်းကြီးဝတ်ပြီး မျက်စိနောက် သက်သာမှာ"

ဟန်စိုးက စတော်ဘယ်ရီ ဖျော်ရည်ကို သောက်ရင်း ပြောလေသည်။

"ဟင်း... အေးပါ အနိုင်ကျင့်ကြ ငါပဲ ဝိုင်းသာ အနိုင်ကျင့်ကြ
အေး မင်းတို့ ငါ့ကို နိုင်သမျှ မင်းတို့ ရည်းစားတွေဆီမှာ ပြန်ခံရမယ်သာမှတ် ။
ပြီးတော့လဲ ဘုန်းမြတ်လင်းထွန်း
လင်တရူး ကောင်
စားနေတာက အကင် ဝယ်လာတာက သူ့လင်ကြိုက်တဲ့ စတော်ဘယ်ရီဖျော်ရည်ကြီး ဘာမှ မလိုက်ဘူး။ မသောက်ဘူးကွာ"

"မသောက်နေပေါ့"

ဘုန်းမြတ်သည် ထွန်းလင်းဦး လက်ထဲမှ့ ဖျော်ရည်ဗူးကို ပိုက်ဖြင့် အားရပါး ရ စုပ်သောက်လိုက်သည်။

BF was BF (Ongoing)Where stories live. Discover now