part:18

1.2K 29 0
                                    

~~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~~

အပိုင်း(၁၈)

ရင်ခွင်ထဲခေါင်းတိုးဝင်ကာ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်သူမအား မြေအနှစ်ခပ်တင်းတင်းလေးဖက်ထားလိုက်သည်။ အချိန်ခဏကြာလာသည့်အခါမှာတော့ သူမခန္ဓာကိုယ်လေးလှုပ်လာပြီး နိုးလာလေ၏။

မြေအနှစ် သူမအား နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြပြီး နဖူးပြင်လေးကို ညင်သာစွာနမ်းလိုက်သည်။ ထို့နောက် နှင်းဆီပွင့်ရောင် နူတ်ခမ်းလွှာလေးအား ဖွဖွလေးထိလိုက်၍.....

"ကိုယ့်ကို စိတ်မဆိုးဘူးမို့လားဟင်.."

ဆံပင်လေးကို လက်ကလေးနဲ့နားရွက်ကလေးနဲ့သပ်တင်ကာ ရှက်စဖွယ်အမူအရာလေးလုပ်ပြပြီး ခေါင်းငြိမ့်ပြလေသည်။

"မင်းစိတ်ချပါ.......ကိုယ် သံသံလေးကို
သမီးအရင်းလေးလို စောင့်ရှောက်မှာပါ...."

ဆူး သူမသိအောင်ခိုးရယ်နေမိသည်။ သံသံက သူ့သမီးအရင်းကြီးဆိုတာမသိဘဲ သူ့ဘာသာတစ်ဖက်သတ်တွေးရင်းပြောနေခဲ့သည်။ ဆူးသူနဲ့ပြန်တွေ့တွေ့ချင်းတုန်းက ဆူးကိုယ်တိုင်ပြောပြခဲ့တာကို သူမယုံခဲ့တာကြောင့် သမီးလေးဘန်ကောက်မှပြန်မလာခင်အထိတော့ သူ့ကိုမပြောပြဘဲနေဦးမည်။

"နော်.....ဆူး....ကိုယ်က သံသံလေးကို မြင်ကတည်းက ကိုယ့်သမီးလေးလိုဘဲ ချစ်ခဲ့တာ.."

"အွန်း.......အဲဒီ့စကားကြားရတဲ့အတွက် ဆူးဝမ်းသာပါတယ်...အရင်ကလို သံသံကဘယ်သူနဲ့ရတာလည်းလို့ မမေးတော့ဘူးလား..."

"ဟင့်အင်း.....ကိုယ့်အတွက် အတာ့ကအရေးမကြီးတော့ဘူး.....အခုကစပြီး ကိုယ်အတိတ်ကိုပြန်မကြည့်တော့ ပစ္စုပ္ပန်မှာဘဲ မင်းနဲ့သမီးလေးကို အများကြီးပုံချစ်သွားမယ်.. ..ပြောပြီးပြီနော်
ကိုယ့်မိန်းမနဲ့ကိုယ့်သမီးကို ဘယ်သူ့မှမပေးနိုင်ဘူး........ "

"အဟင်း.....ဘယ်သူကသူ့မိန်းမလည်း....."

"မဟုတ်လို့လား.... အခုဘဲကြည့်လေ...မင်းဝတ်ထားတာ ကိုယ့်ရှပ်အင်္ကျီကြီး"

သူမအိပ်ပျော်နေတုန်း နေမကောင်းဖြစ်မှာစိုး၍ သူ့ရှပ်အင်္ကျီကို ဝတ်ပေးထားလိုက်တာဖြစ်၏။ဆူးပန်း သူမခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီး ရှက်ယောင်သမ်းနေသောမျက်နှာ

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now