part:15

1.1K 29 0
                                    

~~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~~

အပိုင်း(၁၅)

ကိုယ်အပူရှိန်ကျသွားမှဘဲ စိတ်အေးရတော့သည်။ တစ်ညလုံးဘေးမှာထိုင်ကြည့်နေခဲ့ရတာ အခုမှဘဲ နားနိုင်တော့မည်။

အားနည်းဖျော့တော့နေသည့်မျက်ဝန်းအစုံနဲ့အတူ သူမနိုးထလာကာ ဘေးကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်တော့ ခုတင်နှင့်သိပ်မဝေးလောက်သည့်
ဆိုဖာခုံပေါ်တွင် မြေအနှစ်ကအိပ်ပျော်နေလေသည်။

မြေအနှစ် ဒီအခန်းထဲ
ဘယ်လိုဝင်လာတာပါလိမ့်.....ငါတံခါးကိုသေချာလော့ချထားပါတယ်.......

"ကျစ်....ခေါင်းမူးလိုက်တာ...."

နားထင်လေး လက်နဲ့အသာဖိပြီး အားနည်းနေသောခန္ဓာကိုယ်ကို မနည်းထယူလိုက်၍....

ဟင်.....ငါ့အဝတ်အစားတွေက.....ဘယ်လိုဖြစ်.... မြေအနှစ်.....မြေအနှစ်ငါ့ကို...သူမအတွေးနဲ့တင်လန့်သွားရပြီး....အားယူထရပ်ကာ ဆိုဖာပေါ်ရှိမြေအနှစ်ဆီ လျှောက်သွားလိုက်တော့သည်။

အိပ်နေတဲ့သူ့ကို လှုပ်နိုးလိုက်ပြီး....

"မြေအနှစ် ....မြေအနှစ်...ရှင်ထဦး....ဘယ်လိုဖြစ်ပြီး ကျွန်မအခန်းထဲရောက်နေရတာလည်း.... "..

"ဟင်.....အင်း.....,....မင်းညကအဖျားတွေတက်နေလို့... ငါရေပတ်တိုက်ပေးထားတယ်.. သက်သာပြီလား......ငါအိပ်ရေးမဝလို့အိပ်လိုက်ဦးမယ်နော်...."

မျက်လုံးမဖွင့်ဘဲ စကားတွေပြောပြီး ပြန်အိပ်ပျော်သွားလေသည်။ သူပြောသလို ငါတကယ်ဘဲညက အဖျားတွေတက်နေခဲ့တာလား...တခြားအခန်းမှာနေတဲ့ သူကရော ငါအဖျားတက်နေတာ ဘယ်လိုများသိသွားတာပါလိမ့်....,......မဟုတ်မှလွှဲရော သူငါ့ကိုစိတ်ပူလို့များလား........

အတွေးမျိုးစုံဖြင့် ကိုယ့်လက်ကို နဖူးပေါ်ကပ်ကြည့်လိုက်တော့ ကိုယ်ငွေ့တောင်မရှိတော့ပေ။....နည်းနည်းစောသေးတာနဲ့ ဆူးလည်း ခုတင်ပေါ်ပြန်ခွေပြီး မှေးလိုက်မိတော့သည်။

~~~~~~~

ဒေါက်...ဒေါက်....

"သြော် မဆူးပန်းခွေ.... ဆရာ အမဆီ လာလားခင်ဗျ....."

"သူဆိုဖာပေါ်မှာ အိပ်ပျော်နေတယ်...နိုးလိုက်ဦး..."

"ဗျာ....ဟုတ် ဟုတ်ကဲ့..."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now