part:4

912 23 0
                                    

~¡~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~¡~

အပိုင်း{၄}

"မင်းတို့ကလည်းကွာ.....ငါဒီလိုလူရှုပ်ရှုပ်နေရာမျိုးကို မလိုက်ချင်ပါဘူးဆိုမှ.... ပြီးတော့ဒီလိုနေရာတွေက ငါတို့နဲ့မသက်ဆိုင်ပါဘူး....."

"မြေကြီးကလည်းကွာ....ငါတို့လည်းလူတွေဘဲ....ဒီနေရာနဲ့ဘာလို့မသက်ဆိုင်ရမှာလည်း....မင်းကလေ တော်တော့်ကိုအားငယ်တာ....."

"ကျစ်....မင်းတို့ဒီလာတဲ့ပိုက်ဆံကလေ မင်းတို့ဘယ်လောက်ခက်ခက်ခဲခဲရှာရတာလဲဆိုတာ မင်းတို့အသိဆုံးနော် ဟေ့ကောင်တွေ....."

"သိပါတယ်.... မြေအနှစ်ရာ...ငါတို့တစ်ခါတစ်လေလေး ပျော်ချင်လို့ပါ မင်းကလည်း..  ရောက်နေပြီဘဲကွာ....ငါတို့ကဲကြရအောင်....."

"မင်းတို့ဘာသာ ကဲကြ....ငါဒီစားပွဲဝိုင်းမှာဘဲ ထိုင်စောင့်နေတော့မယ်......"

"ကဲ....ပြောမရလည်းနေခဲ့ကွာ....ငါတို့တော့ကပြီ..."

ဒင်းတို့ခေါ်လို့သာ လိုက်လာရတာ....မီးရောင်တလက်လက်နှင့်မျက်စိနောက်လွန်းလှသည်။ နောက်ပြီး မြွေလိုလိမ်တွန့်နေအောင် ကနေသည့် မိန်းကလေးတွေကလည်း မျက်စိထဲမှာစူးတူးတူး.....

တဒုန်းဒုန်းဖွင့်နေတဲ့ တီးလုံးသံတွေက နှလုံးခုန်စက်တပ်စရာမလို......
မိန်းကလေးသုံးလေးယောက်ကြားမှာ အရှက်မရှိကောက်ကွေ့နေအောင်ကနေတဲ့ ဟိုကောင်မိုးသောက်ကိုကြည့်ပြီး ကိုယိကအစားရှက်နေရသေးသည်။

ခေါင်းပူရင်ပူလို့ ရေသောက်ချင်သော်လည်း ရှေ့မှာချထားတာတွေမှာ ယမကာကလွဲ၍ အခြား မရှိပေ။ဒီကြားထဲ မိန်းကလေးတချို့က လက်ဆွဲခေါ်၍ ယောကျာ်းလေးတန်မဲ့ ငြင်းလွှတ်ရသေးသည်။တော်တော်ဆိုးတဲ့ ဒုက္ခပါဘဲလား ...

မျက်စိနောက်၍ အေးလိုအေးငြားဆိုပြီး အဝင်ပေါက်ဘက်ကို ခေါင်းလှည့်လိုက်မိစဥ်....

"ဆူးပန်း .."

သေချာပါသည်။သူ၏ဆူးပန်းမှဆူးပန်းအစစ်ပါ....သို့ပေမယ့် ပေါင်ရင်းအထိတိုကပ်နေတဲ့ကတ္တီပါရောင် ဆွဲသားအင်္ကျီ........ဒေါက်မြင့်ဖိနပ်နှင့် ယောကျ်ားတစ်ယောက်က သူမခါးကိုဖက်လျက် တွဲလို့လျှောက်လာလေသည်။သူမ၏လက်ထဲမှာက စီးကရက်တစ်လိပ်ဖြင့်.......

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now