part:2

3.1K 59 0
                                    

~¡~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း{၂}

🎶 တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ   ပန်းကလေးကပြောလိုက်တယ် လောကရဲ့အလှအပဟာ တို့ပွင့်မှပြည့်စုံတာတဲ့........

ပန်းချစ်သူ ပျားကပြုံးတယ်....တောက်ပတဲ့ အဆင်းလည်းရှိတယ် လိုက်ဖက်တဲ့မွှေးရနံ့နဲ့ဆို....ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာဘဲ........

ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ်......🎶

"ဘယ်သူ့ကိုလှတယ်ပြောနေတာလဲကွ..မြေကြီးရ......"

အလုပ်နားရက်မို့ ဂီတာနဲ့ သီချင်းညည်းနေတုန်း....သူရတို့အုပ်စုကရောက်လာလေသည်။

"ဘယ်သူ့မှမဟုတ်ပါဘူးကွာ.... .ဒီလိုပါပဲ ဒါနဲ့ မင်းတို့က ဘယ်သွားကြမလို့လည်း...."

"လက်ဖက်ရည်သွားသောက်မလို့လေ.....မင်းကိုလာခေါ်တာ....."

"မလိုက်တော့ပါဘူး "

"ငါတို့ရှင်းမှာပါကွ"

"အေး....အဲဒါ့ကြောင့်မလိုက်တာ......မင်းတို့ကြည့်ဘဲရှင်းနေတာ ငါကြာတော့အားနာလာပြီ....."

"ဘာအားနာစရာလိုလဲ...ငါတို့က ဘော်ဒါတွေဘဲဟာ...."

"သားတို့ရယ်.....မနေ့က သူရှင်းလာတဲ့လုပ်အားခကလည်း အဒေါ့်ဆေးဖိုးရယ် အိမ်အတွက်လိုအပ်တာရယ်....သူ့ညီမကျောင်းစရိတ်ရယ်ကြောင့် သူ့လက်ထဲတစ်ပြားမှ မရှိရှာတော့ဘူး.......အဲဒါကြောင့် သူမလိုက်ချင်တာဖြစ်လိမ့်မယ်...."

ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ဒေါ်မြနှစ်က သူ့သားအကြောင်းပြောပြလေသည်။

"ကျွန်တော်တို့က မြေကြီးကိုဆို တကယ်ခင်တာ...သူ့ဆိုကျွေးချင်မွေးချင်နေတာ......လိုက်ခဲ့ပါကွာ.."

"မင်းတို့ကလည်း....ပြောလို့ကိုမရဘူး အေး
..လိုက်ခဲ့မယ်....ရွှေရွှေ...."

"ရှင် အကိုကြီး... "

"အမေ့ကိုဂရုစိုက်လိုက်ဦး....ငါအပြင်သွားလိုက်ဦးမယ်သိလား"

"ဟုတ်ဟုတ် "

"လာ...သွားကြရအောင် "

~~~~

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now