part:6

1K 28 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၆)

မန္တလေးကနေ ထွက်လာပြီး ရန်ကုန်မှာဇာတ်မြုပ်၍ နေထိုင်လာခဲ့တာ သမီးလေးတစ်သက်ရှိသည်အထိပင်...........

ကြီးကြီးတို့ရယ် မွေးရပ်မြေရယ်ကို လွမ်းတဲ့စိတ်က ကြီးစိုးနေသော်ငြားလည်း....... အဟောင်းတွေကအသစ်ဖြစ်မှာကို မလိုလား၍ မန္တလေးဘက်သို့ ခြေဦးတောင်မလှည့်ဖြစ်ခဲ့ပါ.......

ရန်ကုန်ရောက်ရောက်ချင်း ဘာလုပ်လို့လုပ်ရမှန်းမသိချိန်ခဏမှာ  ကိုဟိန်းက အစစအရာရာကူညီပေးခဲ့သည်။ သို့ပေမယ့် ကိုဟိန်းမိဘတွေက သဘောမကျ၍ ဆူးကိုယ်တိုင် ကိုဟိန်းကိုမလာဖို့ပြောခဲ့ရသည်။ ကိုယ့်ကြောင့် သူများဒုက္ခရောက်မည့်အဖြစ်များကို မလိုလားတော့ပါ။

အိမ်ဘေးကပ်လျက် ကျောက်မျက်ရတနာပွဲစား အမကြီးတစ်ယောက်က သင်ပေး၍  ကျောက်အရောင်းအဝယ်အလုပ်ကို တဖြည်းဖြည်းနဲ့လုပ်ကိုင်တတ်လာသည်။

အခုတော့ အခြေကျနေသည့်
ပွဲစားအလုပ်လေးကို လုပ်ကိုင်ရင်း သမီးလေးကို သူများနှင့်တန်းတူထားနိုင်ပါသည်။

သံသံလေးကလည်း အမေဖြစ်သူအပေါ်နည်းနည်းလေးမှ မဆိုးသွမ်းပါ။ လိမ္မာလွန်းတဲ့သမီးလေးဖြစ်သလို အခုအချိန်ထိ အဖေဘယ်မှာလဲဟု တစ်ခွန်းမျှ မမေးခဲ့ပါ။

"မေမေ သံသံလေ အဲဒီ့အိမ်ကလေးမှာသိပ်နေချင်တာဘဲသိလား......"

သံသံလက်ညိုးထိုးပြသည့်နေရာလေးကိုကြည့်လိုက်မိသည်။ ကိုယ့်အလုပ်နှင့်ကိုယ် အာရုံများနေခဲ့တာကြောင့် ဘေးပတ်ဝန်းကျင်ကို အာရုံမစိုက်မိပါ။  သမီးလေး အခုပြသည့် ခြံအကျယ်ကြီးထဲမှ သုံးထပ်တိုက်တစ်လုံးဘေးက တစ်ထပ်တိုက်သေးသေးလေးကို မမြင်ခဲ့မိပေ။

သမီးလေး နေချင်တာလည်း မပြောနှင့်လေ။ အိမ်လေးက ကလေးတွေကြည့်တဲ့ဘာဘီကာတွန်းကားထဲကလိုမျိုး နေချင်စရာလေးဖြစ်အောင် ဒီဇိုင်းလှလှလေးဆောက်ထားလေသည်။ အိမ်လေးရဲ့အရှေ့မှာ နှင်းဆီခင်းကရှိသေးသည်။

နှင်းဆီပန်းအရမ်းကြိုက်သူ သံသံလေးအတွက် ထိုနေရာလေးက အိမ်မက်ထဲကနေရာလေးဖြစ်နေခဲ့မှာပေါ့.....

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now