part:7

1K 27 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၇)

"ကျွန်မ သမီးလေးက ဒီအိမ်မှာ အရမ်းနေချင်လို့ပါရှင်......ဒီအိမ်လေးကိုငှားနေလို့မရဘူးလားဟင်..."

"အမတို့က အိမ်ပိုင်ရှင်မဟုတ်ဘူးညီမလေးရဲ့......အိမ်ပိုင်ရှင်က အမတို့သူဋေးပါ.....ပြီးတော့ ဒီအိမ်ကသူအနားယူဖို့ဆောက်ထားတာဆိုတော့ ငှားမှာမဟုတ်ဘူး...."

"ဟို...အမရယ်...ကျွန်မသမီးလေးက မွေးရောပါ နှလုံးရောဂါကြောင့် ဆရာဝန်ကသူစိတ်ချမ်းသာအောင်ထားပေးရမယ်လို့ပြောလို့ပါ....ဒီအိမ်လေးမှာတစ်လတန်သည် နှစ်လတန်သည်ငှားနေချင်လို့ပါ. ဘာအနှောင့်အယှက်မှမဖြစ်စေရဘူးလို့လည်း အာမခံပါတယ်.. ..ဆူးကိုကူညီပေးပါနော်..."

အိမ်စောင့်လင်မယားနှစ်ယောက်လည်း တောင်းပန်တိုးလျိုးစွာပြောနေသည့်သူမကိုကြည့်ပြီး သနားမိကြလေ၏။ မိုးခြိမ်းသံဆိုသည့် သူမ၏သမီးလေးကလည်း မြင်သမျှချစ်ခင်ပါစေဟူသော ဆုတောင်းပြည့်ခဲ့သလားမသိ.......မြင်သမျှလူတိုင်း ချစ်ကြခင်ကြနှစ်သက်ကြလေသည်။

"ဒါဆိုလည်း ဒီလိုလုပ်လေ အမတို့သူဋေးအခုနေနေတဲ့အိမ်လိပ်စာပေးလိုက်မယ်.....ညီမလေးသူ့ကိုသွားပြောကြည့်ပါလား........"

"ဟုတ်အမ....ကျေးဇူးတင်ပါတယ်... "

"ဒါနဲ့သူ့ဆီသွားပြောရင် ဒီအိမ်လိပ်စာကို အတိအကျပြောပြနော်     ......သူဋေးကဒီလိုအိမ်မျိုး ခုနစ်လုံးလောက်ရှိတာမိုလို့...."

"သြော်....ဟုတ်ကဲ့ပါအမ....ဆူးမှတ်ထားပါ့မယ်...ကျေးဇူးတင်ပါတယ်နော်.  "

"ရပါတယ်ကွယ်...."

"ဒါဆို ဆူးတို့ကို ခွင့်ပြုပါဦးနော် "

~~~~~

ထိုအမပြောသည့်လိပ်စာအတိုင်း ဆူးတို့သားအမိရောက်လာခဲ့ကြသည်။ လေးထပ်တိုက်ကြီးက ကြွေပြားတွေကပ်ထား၍ တလက်လက်တောက်ပနေသည်။

ခြံကြီးကလည်း အကျယ်ကြီးဖြစ်၍...... ဂုဏ်အရှိန်အဝါ တော်တော့်ကိုကြီးမားသည့် မိသားစုနေသည့်ခြံကြီးဖြစ်လိမ့်မည်။

ခြံတံခါးဝကို သွားရပ်၍ လူခေါ်ဘဲလ်လေးကို တီးလိုက်တော့ အသက်၄၀လောက်ရှိမည့် လူတစ်ယောက်ထွက်လာလေသည်။

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now