part:13

1K 26 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၁၃)

"မေဆူး.....သံသံ့ကို ဘယ်ပို့မှာလည်း..
..သံသံမသွားချင်ဘူး...အဟင့် အဟင့်....မေမေ့... ဟီး......"

"သံသံနေကောင်းအောင်လို့ မေမေနဲ့ခွဲရတာပါ သမီးရယ်..... နော်...တိတ်တိတ် ....ဒီတီတီကလေ သမီးနဲ့အတူတူရှိနေပေးမှာ....သမီးလေးမြန်မြန် နေကောင်းအောင်လို့လေ"

"အဲဒါ့ဆို အခုခဏလေးခွဲပြီးရင် မေမေနဲ့သံသံက အကြာကြီးအတူတူနေရမှာလားဟင်...."

"ဒါပေါ့ သမီးလေးရဲ့.........အဲဒီ့အခါကျရင်လေ...သမီးလေးစီးချင်တဲ့ကစားကွင်းကမိုးပျံရထားကြီးလည်းစီးလို့ရပြီ.....သူများတွေလိုမျိုး ပြေးလွှားပြီးကစားနေလို့လည်းရပြီ.....မေမေနဲ့အတူတူ ကျိုက်ထီးရိုးတောင်ပေါ်ကိုလည်းတက်လို့ရပြီ"

"ဟင်.... မေမေတကယ်ပြောတာလား..."

"မေမေက သံသံကို ဘယ်တုန်းကလိမ်ခဲ့ဖူးလို့လည်းကွယ် ...."

"ဟင့် ဒါဆို သံသံသွားမယ်.....သံသံ့ဆီမေမေဖုန်းဆက်နော်...."

"ဆက်မှာပေါ့ သမီးလေးရဲ့...မေမေသံသံ့ဆီကို နေ့တိုင်းဖုန်းဆက်မှာနော်....လာပါဦး.. မေမေ့အသည်းလေး မေမေ့ရင်ခွင်ထဲကို လာပါဦး..."

"ဟုတ်မေမေ...."

ရင်ခွင်ထဲ တိုးဝင်လာသည့်သမီးလေးကို ဆူး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပစ်လိုက်ပြီး ဆံပင်အိအိလေးတွေအား ဖွဖွလေးနမ်းနေမိ၏။

မေမေလည်း သမီးနဲ့ဘယ်ခွဲချင်ပါ့မလည်းသမီးရယ်......

သမီးလေးကို ဖျောင်းဖျလို့ရ၍တော်သေးသည်။ သမီးကို ဘန်ကောက်မှာထားပြီး ဆေးကုနေတုန်း ဆူးက သူ့ဆီမှာ အလုပ်လုပ်ပေးနေရမည်။ သမီးလေးကိုမှ ဖျောင်းဖျ၍ မရပါလျှင် ဆူးဘယ်လိုဆက်လုပ်ရမည်မှန်းမသိပါ....

အခုတော့အဆင်ပြေသွားလေပြီ......ဆူးကို
နာကျည်းပေမယ့် သမီးလေးအပေါ်မေတ္တာထားပေးတဲ့သူ့ကို ကျေးဇူးအထပ်ထပ်တင်နေမိတော့သည်။

~~~~~~~~~~

"မြေအနှစ်....ကျွန်မရောက်ပါပြီ...."

"မဆူးပန်းခွေ...အမနှင့်ဆရာ အပြင်မှာဘယ်လောက်ဘဲရင်းနှီးရင်းနှီး....အလုပ်ခွင်မှာ
ဆရာ့ကို CEOလို့ဘဲခေါ်ပေးပါ....."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now