"ဟာ... မင်းနော် ငါ့ကို rpလဲ မပြန်ဘူး"
"ဘာလဲ ရစ်သန် မင်းငါ့ကို အပျော်ကြံတာလား"
"ဟာ... ရစ်သန် မင်းလိုင်းမတက်တော့ဘူးလား။
ငါ့ကို ပလစ်တာနော်။
ဒီနေ့မှာ စတွဲတာကို.. အဟင့် သူများသားလေး ဝမ်းနည်းသွားပြီ"တစ်ယောက်တည်း ဒရာမာတွေ ချိုးထားသော ဘုန်းမြတ်လင်းထွန်း ။
ရစ်သန် active nowဆိုတာနဲ့ ဝင်လာသော ဖုန်းကောလ်။ဘယ်သူလဲ မမေးပါနဲ့။ သူ့ရဲ့ နှစ်ယောက်မရှိသော ဒရာမာ ကင်းလေးဘုန်းမြတ်လင်းထွန်းပင်ဖြစ်ပါသည်။
"ဘာလဲ ပြော"
"ဟား ရစ်သန်ရာ မင်းငါ့ကို ဘာလို့ ပစ်ထားတာလဲ"
ကြားလိုက်ရသော ချွဲပြစ်ပြစ်အသံ။
"ဘယ်မှာ ပစ်ထားလို့လဲ"
"ဟာ အဲ့ဒါ ငါ့ကို ပစ်ထားတာပေါ့။ ငါ့စာတွေလည်း ဝင်မဖတ်ဘူး။ လိုင်းလဲ အခုမှ တက်တာ။ မင်း ငါ့ကိုအပျော်ကြံတာတော့ မဟုတ်ဘူးမလား"
တရစပ်ထွက်လာသော ဘုန်းမြတ်၏အသံ။
"အမလေး ငါကပဲ အပျော်ကြံတယ်ဖြစ်က သေး။ စာလုပ်နေလို့ဟေ့"
"အဟင့် အဲ့စာပဲ လုပ်နေ။ စာမလုပ်နဲ့။ ငါ့ကိုပဲ လာလုပ်"
ဂျစ်တစ်တစ်ထွက်လာသော အသံ။
ဘုန်းမြတ်လင်းထွန်းတို့က တတ်လည်း တတ်နိုင်လွန်းပါသည်။ ချွဲချင်ရင်လည်း သူ။ ဂျစ်တိုက်ချင်လည်း သူ။ ဂျီကျချင်လည်း သူ။ ခဏလေးတွင်ကို သူက အမျိုးမျိုး။
"ဘုန်းမြတ်လင်းထွန်း မင်းတအား ရိုင်းတာပဲ"
"ရိုင်းတယ်ကွာ။ မင်းက ငါ့ထက် အဲ့ဒီ့ ခေါင်းရှုပ်အောင်ပဲ လုပ်တဲ့ စာတွေကို ပိုချစ်တာ"
ဆူအောင့်နေသော အသံကို ကြားရ၍
ရစ်သန် ပြုံးမိသွားပါသေသးည်။ရင်ခွင်ထဲတွင် ပိုက်ထားသော အရုပ်လေးကိုလဲ ပိုပြီး ဖျစ်ညှစ်လိုက်သည်။
ရစ်သန်က စိတ်ဆိုးပြီး ဝမ်းနည်းသည့် အချိ န်ကလွှဲရင် ကျန်တဲ့အချိ န် ချွဲ ခဲပါသည်။
ဘုန်းမြတ်မှာတော့ ပြောကို မပြောချင်။
ချွဲလိုက် ဆူလိုက် စိတ်ဆိုးလိုက် ကောက်လိုက်နဲ့။
အပိုင်း ၂၁ zawgyi
Start from the beginning