အော်..ငါကို ချစ်ကြပါ့လား ဆိုသည့် စိတ်က
ဘုန်းမြတ်ကို ဝမ်းနည်းစေသကဲ့သို့ ပျော် လည်း ပျော်စေပါသည်။"ဘာလဲ ဟတ်ထိသွားတာလား။
မီးမကုန်ခင် မှုတ်တော့"ဟန်စိုးအပြောကို သူဟာ တစ်ချက်သာ ဆဲရေးလိုက်သည်။
ထွန်းလင်းဦးကတော့ သူ့ဖုန်းဖြင့် vdရိုက်နေလေသည်။
ဘုန်းမြတ် ကိတ်ကို ကြည့်မိတော့ အသံအကျယ်ကြီး ဆွဲမိသွားသည်။
စောနက ရင်ဘတ်ထဲက ခံစားချက်မျိုးစုံ ရောပြွန်းနေ၍ ကိတ်ကို သေချာ မကြည့်မိ။
အခု မီးမှုတ်ရန် ကြည့်လိုက်မှ"ငါလိုး ဘာရီးလဲဟ့"
သူ့အပြောကို ကျန်တဲ့ လေးကောင်က ရယ်လျှက်သာ တုံ့ပြန်ပါသည်။
စားမည့်အရာကို အဲ့လို ပြောသင့်လား မသိပေမဲ့
သူ့ဖို့ဆိုပြီး မှာလာတဲ့ ကိတ်က ချီးပုံ ကြီး ဖြစ်လေသည်။
အဝါရောင်ကိုမှ အပေါ်ကနေ အတုံးလေးတွေ။ထိုအပေါ်မှ စာတန်းနှ င့် ဘုန်းမြတ်လင်းထွန်း နာမည်ကို ရေးထားလေသည်။
"မင်းတို့ကွာ စားမယ့်ဟာကို။ ခွေးကောင်တွေ"
ဘုန်းမြတ် မသက်မသာ ရေရွတ်တော့
"မီးမငြိမ်းခင်သာ မြန်မြန် မှုတ်စမ်းပါကွာ။
ဒီလို ပုံစံလေး လုပ်ခိုင်းထားရတာ လွယ်တာမဟုတ်ဘူး နွားရဲ့ "ပြန်လည်း ပြင်လို့ ရမည်မဟုတ်တော့၍ ထိုကိတ်ပေါ်မှ ဖယောင်းတိုင်းကိုသာ ဆုတောင်းရင်း မီးမှုတ်လိုက်သည် ။
ထို့နောက် ကိတ်မုန့်ကို ခွဲကာ ရစ်သန်ကို အရင်ဆုံး ခွံ့ကျွေးလိုက်တော့"သူတောင်းစားကောင် သွားဝယ်ရတာ ငါ ဟ့"
"အဲ့ကြောင့်မို့ မင်းကို နောက်ဆုံးမှကို ကျွေးမှာ။
ဂကျိုးဂကျောင်တွေ လုပ်လာလို့"ထွန်းလင်းဦးအပြောကို ဂရုမစိုက်ပဲ ရဲထက်လွင်နှင့် ဟန်စိုးကို ခွံ့ကျွေးကာ နောက်ဆုံးမှသာ ထွန်းလင်းဦးကို ခရင်တွေအများကြီး ခွံ့ကျွေးလိုက်တော့ မျက်စောင်းထိုးကြည့်လေသည်။
ထွန်းလင်းဦး၏ ထိုမျက်ခွက်ကိုပင် အဝါရောင် ခရင်တွေနှင့် သုတ်ပစ်လိုက်သည်။
အပိုင်း ၂၀ unicode
Start from the beginning