အပိုင်း ၁၈ B unicode

Start from the beginning
                                    

ထိုစဉ် မတ်တပ်ရပ်လျက် စကားပြောနေကြသော ဘုန်းမြတ်လင်းထွန်းဆိုသော အကောင်နှင့် ကောင်မလေးတစ်ယောက်။

ထွန်းလင်းဦးသည် လူယုတ်မာ အပြုံးကို ဟန်ပါပါ
ပြုံးကာ ဓာတ်ပုံ အမိအရ ရိုက်လိုက်သည်။
ထို့နောက် Active now ဖြစ်နေသော ရစ်သန်၏ အကောင့်အား ထိုပုံများကို သွားပို့လိုက်သည်။

ဟီးဟီး ....သူများအတွဲ ကတောက်ကဆ
ဖြစ်အောင်လုပ်ရတာ အလွန်ပျော်စရာကောင်းသည်။
ငါ့ကို အနိူင်ကျင့်ထားတဲ့ ကောင်တွေ မှတ်ကြစမ်း....။

           *                      *                    *

ထွန်းလင်းဦး tagတွဲ ကာ တင်ထားသော ရစ်သန်တို့ ခရီးသွားသော blog လေးသည် reactများစွာနှင့် commentပေါင်း ထောင်ချီ ရှိနေလေသည်။
သူငယ်ချင်းပီပီ love react ပေးတာ ရှားသော်လည်း
ဒီတစ်ခါတော့ ပုံတွေအားလုံးကို ရစ်သန် love reactပေးလိုက်ပါသည်။

ထိုစဉ်ဝင်လာသော ထွန်းလင်းဦးဆီက ပုံ ။

ကြည့်နေသော စိတ်သည် ရုတ်ချည်း နောက်ကျိသွားသည်။

ဘုန်းမြတ်လင်းထွန်း အကောင့်ကို ချက်ချင်းစာပို့လိုက်သည်။

"မင်း ဘယ်မှာလဲ"

မိနစ်အနည်းငယ်ကြာမှ seenပြသည်။ ထို့နောက် rpချက်ချင်း ရောက်လာသည်။

"oceanမှာလေ။ ဘာမှာ မလဲ။ လာပို့မယ်"

"တစ်ယောက်တည်းလား"

ဒီတစ်ခါတော့ မစောင့်ရ။ ဘုန်းမြတ်က ချက်ချင်း seenပြသည်။
သို့သော် ဘာမှမဖြေ။

ရစ်သန် ထပ်မေးလိုက်သည်။

"ဘယ်သူနဲ့လဲ"

ဒီတစ်ခေါက် တစ်ဖက်က ဖြေလာမည့် အဖြေကို ရစ်သန် မျှော်နေမိသည်။

"တစ်ယောက်တည်းလေ"

"အော်.......
ရော့ အဲ့မှာ တစ်ယောက်တည်းလား။
ဘာလဲ နှစ်ကိုယ့်တစ်စိတ်မို့ တစ်ယောက်တည်းလို့ ပြောတာလား"

ထွန်းလင်းဦး ပို့ပေးထားသော
ပုံကို ပို့လိုက်သည်။

ထို့နောက် ရစ်သန်သည် သူ့အကောင့်ကို block လိုက်သည်။ ဖုန်းကိုင်ချင်စိတ်လည်း ရှိမနေတော့။

BF was BF (Ongoing)Where stories live. Discover now