အပိုင်း ၁၈ A Unicođe

Začít od začátku
                                    

သူတို့တွေက အခု အိမ်အောက်ထပ်က ရေကန် အသေးလေးတွင် ရေစိမ်နေကြခြင်းပင်။
ရစ်သန်နှင့် က လွှဲ၍ အကုန် အကျႌချွတ်တွေနဲ့ ဖြစ်သည်။

ရစ်သန်ကိုက ဘုန်းမြတ် တမင်တကာ အကျႌမချွတ်ခိုင်းခြင်းပင်။ ထွန်းလင်းဦးက ကင်မရာ တကားကားနှင့်။
မတော်လို့ ရစ်သန်ရဲ့ အတွင်းပိုင်း ဖွေးဖွေးလေးတွေကို ရိုက်မိသွားမှ ။ဟင်း... ဟင်း ။ မလွယ်ဘူး။

အခုလည်း ကင်မရာကြီးနှင့် အကုန်ရိုက်နေလေသည်။
အထူးသဖြင့် ဆူပုတ်နေသော နှစ်ယောက်ကို အနီးကပ် သွားရိုက်တာ ဟိုက ပိတ်ရိုက်သဖြင့် ငြိမ်သွားလေသည်။

အထက်တန်းကတည်းက  ဘီယာ ဆေးလိပ် သူတို့ စသောက်ခဲ့ တာ ဖြစ် သည်။
အခုလည်း ရစ်သန်ကလွှဲ ၍ အကုန် 2ဗူးလောက်တော့ ကုန်နေပြီဖြစ်သည်။

"မင်းတို့ကို ငါပို့ထားတယ်နော် ဖတ်ပြီးပြီလား"

"ဘာကိုလဲ"

"ဟာ gpထဲ လင့်ပို့ထားတယ်လေ"
ထွန်းလင်းဦးသည် စာကလွဲ၍ အကု န် စိတ်ဝင်စားသည်။
အခုလည်း အရင် အပတ်က သူပို့ထားသော +ရုပ်ပြ အကြောင်း ပြောနေခြင်းပင်။

"ပြီးသွားပြီ။  ကောင်မလေးက ရှယ်ကြီးနော်'"

ဟန်စိုးက ရဲထက်လွင်ကို တစ်ချက် ကြည့်ကာ ပြောလေသည်။
အလိုလိုမှ ဆူပုတ်နေသော ရဲထက်လွင် မျက်နှာသည် ပို၍ ကြောက်စရာကောင်းလာလေသည်။
ဒါကို မြင်သော ဟန်စိုးက တစ်ချက် ပြုံးလေသည်။

"ပြောသားပဲ။ အဲ့ဟာက ပိုက်ဆံပေးရတာနော်။ အလကားမဟုတ်ဘူး "

ထွန်းလင်းဦးက စပ်ဖြဲဖြဲ ပြောလေသည်။

အမှန်တော့ ဟန်စိုးလဲ မကြည့်ပါဘူး။
တစ်ခါတစ်လေ စိတ်ပါမှသာ ကြည့်သော်လည်း အခုက တမင်တကာကို ရွဲ့ပြောလိုက်ခြင်း ဖြစ်ပါသည်။

"ရှိရင် ထပ်ပို့ပေးအုန်း"

ဟန်စိုး၏ စကားအဆုံး ရဲထက်လွင်၏ ဘီယာဗူးခွံကို တိန်ခနဲ လွှင့်ပစ်လိုက်သောအသံ။

"အသာ လုပ်စမ်း ပါကွာ။ မင်းကလည်း လန့်တာ"

ထွန်းလင်းဦး အပြောကို ရဲထက်လွင်က ဘာမှ ပြန်မပြောပဲ ဘီယာ နောက်တစ်ဗူးယူကာ သောက်နေလေသည်။

BF was BF (Ongoing)Kde žijí příběhy. Začni objevovat