Chapter 41 STTA
January 10, 2024
Chapter 41ယင်းမင်ကျန်းက တခြားသူတွေ ဘယ်လိုတွေးနေမလဲဆိုတာကို ထိုမျှလောက်ထိ အာရုံမထားခဲ့ပေ။ သူက သေချာဂရုတစိုက်ဖြင့် လှူဒါန်းခဲ့သည့်လူများ၏နာမည်နှင့် ငွေပမာဏကို ကိုက်ညီအောင်လုပ်ခဲ့သည်။ ထို့နောက် သူက အတန်းပိုင်ဆရာမတိုင်းကို ငွေအတိအကျပြန်ပေးပြီး ဖြန့်ကျက်ပေးဖို့ အကူအညီတောင်းခဲ့သည်။
ဆရာမများ၏ အလှူငွေကိုတောင် ပြန်ပေးခဲ့သေး၏။
သူက အမှန်တကယ်ကို တိုက်ရိုက်နှင့် အကျိုးရှိရှိလုပ်ဆောင်ခဲ့လေသည်။ တစ်ကျပ်လေးတောင်မှ သူမမေ့လျော့ခဲ့ပေ။
“မင်းသိလား ယင်းမင်ကျန်းက တိတိကျိုးဆီက ပိုက်ဆံကိုတောင်မှ ပြန်ပေးခဲ့တာ”
“တကယ်လား သူ တိတိကျိုးဆီက ယွမ်ထောင်ပေါင်း ရာပေါင်းကို ရခဲ့တာမဟုတ်ဘူးလား”
“ရပ်ကွက်ထဲကလူတွေရဲ့ အလှူငွေကိုလည်း ပြန်ပေးပြီးပြီလို့ကြားတယ်”
“သူဒီလောက်ပိုက်ဆံတွေအများကြီးကို ဘယ်ကရတာလဲ”
“ငါလည်း မသိဘူး”
“ရုတ်တရက်ကြီး ဘယ်ကရမှန်းမသိဘဲ ပိုက်ဆံတွေအများကြီးရှိလာတာကလည်း တကယ်ထူးဆန်းတယ် သူ့မှာ တကယ် အဲဒီလောက်ထိ ပိုက်ဆံတွေရှိနေတယ်ဆိုရင် သူတို့က အလှူငွေအတွက်တောင်းမှာမဟုတ်ဘူးမလား အဲဒီအချိန်တုန်းက သူ့မိဘတွေက ဘာပဲဖြစ်ဖြစ် သူ့အတွက် ဆေးရုံဖိုးမပေးဘူးလို့ပြောခဲ့တာ”
“သူ့ကို ပိုက်ဆံတွေအကုန်ပြန်ပေးနိုင်လို့ လေးစားမိပေမယ့်လည်း ဒီလောက်ပိုက်ဆံတွေကို ဘယ်ကရတာလဲဆိုတာကိုတော့ နည်းနည်းသံသယဖြစ်မိတယ်”
“သူချေးငွေယူခဲ့တာတော့ မဟုတ်ပါဘူးနော်”
“ဒါမှမဟုတ် တရားမဝင်တဲ့အလုပ်တစ်ခုခုလုပ်ခဲ့တာများလား”
“မင်းလည်း သိတာပဲ သူက တော်တော်လေးကြည့်ကောင်းတယ်လေ တချို့လူတွေက အဲဒီလိုမျိုးဆို တကယ်ကြိုက်ကြတာ သူ့နောက်ကိုလိုက်ဖူးတဲ့ နှာဗူးတစ်ယောက်ရှိတယ်မလား ယင်ချန်းဆီကတောင် အသတ်ခံရတော့မလိုဖြစ်သွားသေးတယ်လေ ဘယ်သူသိမှာလဲ သူ့ရုပ်ရည်ကို တစ်ယောက်ယောက်ကြိုက်သွားတာလည်း ဖြစ်နိုင်တာပဲ”
YOU ARE READING
သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း
General FictionOriginal Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author(s) Dōng Fāng Huáng Guā Eastern Cucumber 东方黄瓜