သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း

550 80 1
                                    

Chapter 37 STTA
January 10, 2024
Chapter 37

ဝေ့မိသားစုကိုရှာတွေ့ပြီ-၂

__

ဝမ်အန်းရှီက ယင်းမင်ကျန်း၏ပခုံးကို ပုတ်လိုက်ပြီး“ငါမင်းကိုယုံတယ် Darker လည်း သူနာမည်ကြီးတုန်းက အသက် ၁၅ နှစ်ပဲရှိသေးတာ အခုတော့ သူက Pegasus ရဲ့ နည်းပညာအကြီးအကဲဖြစ်နေပြီ မင်းလည်း နောက်ထပ် Darker ဖြစ်နိုင်မယ်လို့ ငါထင်တယ်”

ယင်းမင်ကျန်းက ပြောသည်။ “အိုး”

ယင်းမင်ကျန်းအိမ်ပြန်ရောက်သည်နှင့် သူက Pegasus Forum ထဲသို့ ဝင်လိုက်သည်။ လူအများစုဟာ အကြောင်းအရာများစွာကို တင်ထားကြပြီး မေးခွန်းများမေးထားကြတာသေချာသည်။ ယင်းမင်ကျန်းကတော့ ပုန်းလျှိုးကွယ်လျှိုးဖြင့် သူများတင်တာတွေကို အရင်ကြည့်နေလိုက်သည်။

ဖိုရမ်ပေါ်တွင် လက်တွေ့မေးခွန်းနှင့်အဖြေများရှိသည့်အတွက်ကြောင့် စာအုပ်ဖတ်ပြီးလေ့လာခြင်းထက် ဖိုရမ်ပေါ်တွင် သင်ယူရခြင်းက ပို၍ထိရောက်ကြောင်းကို သူနားလည်သွားသည်။ အဖြေများအားလုံးက သူတို့၏တွေးခေါ်​မျှော်မြင်မှုကိုယ်စီရှိကြသည်။ အယ်လဂိုရီသမ်များကို နှိုင်းယှဉ်ပြီး မတူညီချက်များကိုရှာကာ မတူညီသောလူများ၏ အတွေးအခေါ်နှင့် တုံ့ပြန်မှုများကို သိနိုင်သည်။

ယင်းမင်ကျန်းက ထိုဖိုရမ်ကို လုံးဝ စွဲမက်သွားရသည်။

အစပိုင်းတွင်တော့ ဆွေးနွေးပွဲများထဲတွင် မပါဝင်ခဲ့သလို မေးခွန်းများကိုလည်း မဖြေခဲ့ပေ။ သူ့ကိုယ်ပိုင်ပို့စ်ကိုမတင်ဘဲ သူများ၏တုံ့ပြန်ချက်များကိုသာ ဖတ်တတ်သည်။ ထို့နောက်တွင်တော့ မေးခွန်းများကို စတင်ဖြေဆိုလာပြီး သူ့ကိုယ်ပိုင်ကုဒ်ကို တင်ဖို့ ကြိုးစားလိုက်သည်။

သူ့ကုဒ်ကိုတင်လိုက်သောအခါတွင် ဟီဟီဟုခေါ်သည့် အကောင့်ပိုင်ရှင်က ကွန်မန့်ပေးလာသည်။ ယင်းမင်ကျန်းကုဒ်အောက်ရှိ ကွန်မန့်များအားလုံးတွင် ဟီဟီ၏ကွန်မန့်က ထိုးထွင်းအမြင်အရှိဆုံးဖြစ်သည်။

ထို့ကြောင့် သူ့အကောင့်ထဲသို့ဝင်၍ တခြားသူများကိုပေးထားသည့် ကွန်မန့်များအားဖတ်လိုက်သည်။ သူ့ကွန်မန့်နှင့်တုံ့ပြန်ချက်များအားလုံးက ကောင်းမွန်ပြီး အတွေးအခေါ်လည်းကောင်းသည့်အတွက်ကြောင့် ယင်းမင်ကျန်းက သူ့ကို စာသွားပို့လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက စာပြန်မပြန်ကိုတော့ အာမမခံနိုင်ချေ။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now