Chapter 15 STTA
January 01, 2024
Chapter 15သူမှားသွားခဲ့တယ်
ယင်းမင်ကျန်းက အသက်ငယ်သော်လည်း ရက်စက်တတ်မှန်း သူတို့အားလုံးသိကြသည်။ သူက လူငယ်များဆိုလျှင် ဥပဒေအရအပြစ်ပေးမခံရနိုင်မှန်းကိုပင်သိထားပြီး ထိုစကားနှင့် နစ်နာသူကိုခြိမ်းခြောက်ခဲ့ကာ နစ်နာသူနှင့်သူ့မိသားစုကိုပြောင်းရွေ့ရန် တွန်းအားပေးခဲ့သည်။
ထိုသို့နှင့် သူက တစ်ကြိမ်တည်းနှင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ရသည်။ ထိုအချိန်အတွင်းတွင် အရက်မူးနေသောဖခင်ဖြစ်သူကတောင် သူခြိမ်းခြောက်ခဲ့သောစကားကြောင့် သူ့ကိုရန်စရန် သတ္တိမရှိခဲ့ပေ။
သို့သော်လည်း ယင်းချန်းက သူအရက်သောက်ပြီးသည်နှင့် အကြောင်းပြချက်အားလုံးကိုမေ့တတ်သောလူဖြစ်သည့်အတွက် ခဏကြာသောအခါ ယခင်အကျင့်အဟောင်းအတိုင်းသာပြန်ဖြစ်တတ်သည်။ ယင်းမင်ကျန်းက သူ့ကိုသတ်ပြီး အဆုံးသတ်ပစ်ချင်စိတ်များ များစွာရှိခဲ့ဖူးသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ့ဖခင်သာဖြစ်ပြီး လူသတ်ခြင်းက မှားယွင်းသည်။ ထို့ကြောင့် ထိုမျှလောက်ထိ သူမလုပ်ခဲ့ပေ။
ထိုဖြစ်ရပ်ပြီးနောက် ယင်းမင်ကျန်းက ချောမောလှပခြင်းက ကောင်းသည့်အရာမဟုတ်ကြောင်းသိရှိသွားခဲ့သည်။ သူက မိန်းကလေးနှင့် အလွန်တူ၏။ သူယခုလိုသာဆက်ဖြစ်နေမည်ဆိုလျှင် နောက်ထပ်ပစ်မှတ်ထပ်ဖြစ်နိုင်သည်။
ရလဒ်အနေဖြင့် အားလုံးက ယင်းမင်ကျန်းကို ပုန်ကန်သည့်အဆင့်ကိုကျော်ဖြတ်ခဲ့ကြောင်းသိကြပြီး သူ့ဆံပင်ပုံစံကိုလည်းပြောင်းကာ ရွှေရောင်ဆိုးခဲ့သည်။ သူ့ပုံစံက ရန်မစရဲစရာကောင်းသည့်ပုံစံဖြစ်သွား၏။
ယင်းမင်ကျန်းက သူစိတ်မတည်ငြိမ်ခင် အိပ်ရာပေါ်တွင် အကြာကြီးလဲလျောင်းနေလိုက်သည်။ ထို့နောက် သူက ယွမ်တစ်ရာကိုယူ၍ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
သူတံခါးဖွင့်လိုက်သည်နှင့် ယင်းချန်းက သူ့အခန်းရှေ့တွင် လဲလျောင်းနေကြောင်းတွေ့သွားသည်။ ယင်းမင်ကျန်းက သူ့ကိုအေးစက်စွာကြည့်၍ ကျော်ခွလာခဲ့လိုက်သည်။
YOU ARE READING
သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း
General FictionOriginal Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author(s) Dōng Fāng Huáng Guā Eastern Cucumber 东方黄瓜