အပိုင်း ၉ (unicode)

Start from the beginning
                                    

ပြောကို မပြောချင်ဘူး။ အဟွန်း... အဲ့လိုဖြစ်နေတာပဲ နားအေးတယ်။
ထွန်းလင်းဦးက သူ့ကို ပြောင်စပ်စပ်ကြည့်လာတော့ မှီတဲ့ လက်မောင်းကို လှမ်းရိုက်လိုက်သည်။
ဟိုကောင်က ဒါတောင်မမှတ်သေး လျှာထုတ်ပြလေသည်။

ထပ် ရိုက်ရန်ပြင်တော့ ထွန်းလင်းဦးနှင့် ဘုန်းမြတ် ကြားရှိ ဟန်စိုးကပဲ မျက်စိနောက်သည့်အလား
"တော်ကြတော့ကွာ"
ဟု ထပြောလေသည်။

"ကဲ ကဲ ဂိမ်းကတော့ ဆော့နေကြဂိမ်းပဲ။ ဒါပေမယ့့််ပိုက်ဆံကြေးမဟုတ်ပဲ ရှုံးတဲ့သူက သောက်ရမယ်။ "

ဟန်စိုးစကားကို အကုန်လုံးကလည်း လက်ခံလေသည်။
အရမ်းကြီး ကြမ်းတာမျိူးတွေတော့ သူတို့မသောက်ပါ။
ပေါ့ပေါ့ပါးပါး ထန်းရည်ခါးလေးပင်။ နေ့ခင်းကပင် ဦးပိန်ပေါ်သွားဝယ်ထားတာ။ သူတို့အရွယ်လောက်က ထန်းရည်သောက်တာကတော့ အထူးဆန်းပါ။ တစ်ခါတစ်လေ ကြမ်းတာတွေတောင် ကစ် ဖူးကြလေသည်။

သူတို့ဆော့တဲ့ဂိမ်းကို အခြားသူတွေ မြင်ရင် ဘာပြောမလဲမသိပေမယ့် သူတို့ကတော့ ထိုဂိမ်းကို သဘောကျလေသည်။ အံစာတုံးလိမ့်ဂိမ်းဖြစ်သည်။
အံစားတုံးလှိမ့်ကာ ကိုယ်ကျသည့် နံပတ်အတိုင်း သူတို့အိမ်ဆီသွားရမည်ဖြစ်သည်။
တစ်ယောက်နှင့် တစ်ယောက်လည်း သတ်လို့ရသည်။

အိမ်ထဲကို ဦးဆုံးဝင်တဲ့လူ 1ယောက်ကလွဲလျှင် ကျန်တဲ့လူ 3ခွက်နှုန်းနှင့် သောက်ရမည်ပင်။
အခါးပြေအဖြစ် အာလူးကြော်နှင့် ကျိုးကျိုးကျွတ်ကျွတ်စားစရာများကိုလည်း ဘေးတွင်ချထားလေသည်။

"ဟာ မင်းများ သွားပြီနော်"

ရစ်သန်တကယ်ဒေါသထွက်လာပြီပင်။
5ယောက်လုံးဆော့တာကို သူ့ကိုပဲ အညိုးထားပြီး သူ့ကိုသာ လိုက်သတ်နေတာက ဘုန်းမြတ်။

ပန်းဝင်ဖို့ထက် သူ့ကိုသာ လိုက်သတ်နေသူကြောင့် ရစ်သန်ခဏခဏသေနေသည်။
အခုဆို အိမ်ထဲက ထွက်ထွက်ချင်း အသေလိုက်သတ်၍
ပန်းဝင်ဖို့ နေနေသာသာ အိမ်နားကပင် မခွာရသေး။

ထို့ကြောင့် တစ်ခါရှုံး3ခွက်ဖြင့်
ဘယ်နှစ်ခွက်သောက်ပြီးသွားပြီလဲတောင် မသိ။
လေတိုက်ရင် မူးလေဆိုသည့် ထန်းရည်သဘောအတိုင်း သူလည်းတဖြည်းဖြည်းမူးကာ ရီဝေဝေဖြစ်ပြီး အာရဲလျှာရဲဖြစ်လာသည်။

BF was BF (Ongoing)Where stories live. Discover now