အပိုင်း(၅၀၇)

Start from the beginning
                                    

"ဒါက စီအီအို အသစ်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်မ ဝင်စွက်ဖက်ခွင့် မရှိပါဘူး"

"စီအီအိုအသစ်က ပိုက်ဆံအဖြုန်းဆုံး VIPအဖွဲ့ဝင် အယောက်၂၀ကို ရွေးချယ်ပေးထားပါ။ ဒါက ဘယ်လိုဆုံးဖြတ်ချက်မျိုးလဲ"

"သုံးစားမရတဲ့ စီအီအိုက ငါတို့လို သစ္စာရှိတဲ့ဝယ်သးတွေကို ဖြေရှင်းချက် ထွက်ပြောပေးသင့်တယ်"

"ဒီတစ်ခေါက်တော့ ထျန်းအုပ်စုက သူတို့ရိုးသားမှုကို မပြရင်တော့ သူတို့ထုတ်တဲ့ ကုန်ပစ္စည်းတွေကို ဆက်မဝယ်နိုင်တော့ဘူး။ အကျိုးအမြတ်ရှာဖို့ အခုလို အရှက်မဲ့နည်းလမ်းကို သုံးရတယ်လို့"

နောက်ကွယ်မှ အကျိုးမြတ်ရှာကြံသူများက ထျန်းအုပ်စု နှင့် ဖောက်သည်များကြား ပဋိပက္ခ ဖြစ်အောင် ကြိုးစားနေသည်။ ထျန်းရွှမ်က မကောင်းကြံသူ နေရာတွင် အဓိက ပါဝင်နေ၍ ကုန်ပစ္စည်း အော်ဒါများ ဖျက်သိမ်းခံရသည်။

VIPအဖွဲ့ဝင်စာရင်း ပေါက်ကြားသွားရုံဖြင့် ယခုလို အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။

ဤတစ်ကြိမ်တွင် ချောင်းယုရှန် ခန့်မှန်းထား သကဲ့သို့ ထျန်းနင်အုပ်စု၏ အခြေတည်နေသော အင်အားကို ကိုင်လှုပ်နိုင်စွမ်း ရှိသည်။

စီအီအိုအသစ်က ဤအရှုပ်အထွေးကို မည်သို့မည်ပုံ ဖြေရှင်းမလဲ ထျန်းရွှမ် သိချင်မိသည်။

လင်းရှောင်ယွမ်က သူမထက် ပို၍ သွေးအေးရက်စက်ပြီး ကောက်ကျစ်စဉ်းလဲသည်။ ထို့ကြောင့်လည်း သူက တစ်ချက်တည်းဖြင့် သူတို့အားလုံးကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခြင်း ဖြစ်သည်။

ဒါရိုက်တာအဖွဲ့ဝင်များက နောက်တစ်ကြိမ် ခေါင်းပူမတတ် ဆွေးနွေးတိုင်ပင် ရပြန်သည်။ ဤတစ်ကြိမ်တွင် ထျန်းရွှမ် မပါဝင်ခဲ့သော်လည်း ရှယ်ရာရှင် အဖွဲ့ဝင်ဖြစ်သော လင်းရှောင်ယွမ်က စီအီ
အိုအသစ်ကို ကျေနပ်လောက်သည့် ဖြေရှင်းချက်ပေးရန် တောင်းဆိုလာခဲ့သည်။ ဆွစ်ဇာလန် ပြဿနာကို ဖြေရှင်းနိုင်ခဲ့သော်လည်း သူမကို အမြဲထာဝရ ယုံကြည်ပေးနေမည့် သဘော မဟုတ်ပေ။

"ဒီတစ်ခေါက်တော့ သူဌေးကြီး ကိုယ်တိုင် ထွက်ရှင်းရင်တောင် ငါတို့ မကျေနပ်နိုင်ဘူး။ စီအီအိုအသစ်ကို မြင်ရမှပဲ ကျေနပ်နိုင်မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now