45. Prince is mine

Start from the beginning
                                    

" ကျနော်ဘယ်က စပြောရမလဲ မသိဘူး ...အဟင်း "

သူ ခပ်သဲ့သဲ့ရယ်တော့ မမဒေဝီ၏ မျက်ခုံးလေးနှစ်ဖက်က အပေါ်သို့ ပင့်တက်သွားသည် ။ သည်အခြေအနေကြီးမှာ ပြုံးရယ်နေနိုင်တာကို အံ့ဩနေပုံပင် ။

"  ကျနော် ရှင်းကို ချစ်တာ ပြောမပြတတ်အောင်ပဲ မမရာ ၊ အခုမှ ချစ်တာလဲ မဟုတ်ဘူး ၊ ဟိုးအရင်ကတည်းက ချစ်တာ ၊ ကျနော့်အတွက် အချစ်ဆိုတာ သူ့ဆီကနေစပြီး သူ့ဆီမှာပဲ ပန်းဝင်မဲ့ ခရီးတစ်ခုပဲ "

" မမသိလား ၊ ရှင်းကလေ အမြဲတမ်း သူ့ကိုယ်သူထက် ကျနော့်အတွက်ပဲ အရင်တွေးပေးတဲ့လူမျိုးဗျ ၊ ပါးစပ်ကနေ ချစ်တယ်လို့ တတွတ်တွတ် မပြောတတ်ပေမဲ့ သူ့လုပ်ရပ်တွေက သူ ကျနော့်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲ ၊ အဟွန်း... တွေးကြည့်ရုံနဲ့တောင် ချစ်ဖို့ကောင်းတယ်မို့လား "

" သူသာမရှိရင် ကျနော့်ဘဝက အခွံသက်သက်နဲ့ မထူးဘူး ၊ အဲဒါမို့ ကျနော်တို့အကြောင်းကို ထပ်ပြီး ဖုံးကွယ်မထားချင်တော့ဘူး ၊ သူနဲ့လဲ အဝေးမခံနိုင်ဘူး ၊ သူလဲ ကျနော့်ကို လိုအပ်သလို ကျနော့်အတွက်လဲ သူ ရှိမှဖြစ်မှာ ၊ ဘာတွေပဲ စွန့်လွှတ်ရရ သူ့လက်ကိုတော့ ကျနော်မလွှတ်ဘူး မမ "

သူ့ပုံစံက တအားကို ထက်ထက်သန်သန် ဖြစ်နေလားမသိ ။ မတတ်နိုင် ။ လူဆိုတာ ကိုယ်ချစ်ရတဲ့သူအကြောင်း  ပြောနေရလျှင် ကျန်တာအားလုံးမေ့ပြီး စကားတွေ ဖောင်ဖွဲ့မကုန် ဖြစ်တတ်တာပဲ မဟုတ်လား။

ဘုဏ်းဇေပြောတာ နားထောင်ပြီး မမက " အဲ့လောက်တောင်ပဲလား " တဲ့ ။

" အဲ့ထက်ပိုတာပေါ့ဗျာ  ၊ စကားနဲ့ လုံလောက်အောင် မဖော်ပြနိုင်လို့ ၊  ဖြစ်နိုင်ရင် သူ့ကိုလေ ကျနော့်အနားမှာ အရိပ်လို ပူးချည်ထားချင်တာ ၊ ကျနော့်မျက်ခွံအိတ်လေးထဲ သူတစ်ယောက်တည်းကိုပဲထည့်ပြီး ရုံတင်ကြည့်ချင်တာ ၊ တကယ်ဆို မျိုပါချထားချင်တာဗျ သိလား ၊ ဒါပေမဲ့ ဗိုက်ထဲရောက်သွားရင် ကျနော် သူ့ကို မမြင်ရတော့မှာစိုးလို့ .... ဟားဟားဟား "

ကြာတော့ မမက အမြင်ကတ်လာသလားမသိ ။ အလွန်အကြူးတွေ ချဲ့ကားပြောနေသည်ဟုဆိုကာ ဗိုက်ဆွဲလိမ်သည် ။ သို့သော် သူရယ်တာကြည့်ပြီး မမနှုတ်ခမ်းထက်မှာလည်း အပြုံးတို့ ကွန်းခိုနေ၏။ စောစောကရှိသည့် ပူပင်မှုအချို့ပါ ပျောက်သွားပုံပင် ။

Forget-Me-Nots  { Completed }Where stories live. Discover now