22. Official boyfriend

5.7K 300 67
                                    

( Unicode )

2013၊ Dec 10

ငှက်ပျောဖက်ဖြင့် ထုပ်ထားသော ကောက်ညှင်းပေါင်းနှင့် ငချိပ်ပေါင်းပူပူလေးများဆီမှလာသည့် အနွေးဓာတ်ကို လက်ဖဝါးဆီကူးယူပြီး ပါးစပ်ထဲက အငွေ့ဖြူဖြူများကို မကြာခဏ မှုတ်ထုတ်ကြည့်နေမိသည်။ နွေရာသီမှာ မွေးဖွားသူ ဖြစ်သော်လည်း ရှင်းသန့်က ဆောင်းရာသီကို ပိုနှစ်သက်၏ ။ အထူးသဖြင့် ဆောင်းရာသီမှာ ပေါပေါများများ တွေ့ရသည့် ရာသီစာကိုများကို အနှစ်သက်ဆုံးပင်။ မှာထားသည့် အကြော်စုံပူပူလေးကိုစောင့်ရင်း လက်ထဲမှာ ဆွဲထားသည့်အထုပ်တွေထဲက အုန်းသကြားပေါက်စီတစ်လုံး ထုတ်စားလိုက်သည့်အခါ အကြော်ကြော်နေသည့်အန်တီကြီးက ရှင်းသန့်ကို နှစ်လိုစွာ ပြုံးကြည့်နေခဲ့သည်။

အိမ်က မိဘတွေပို့ထားသည့် စားစရာတွေ အစုံအလင်ရှိသော်လည်း ရှင်းသန့်ကတော့ မနက်စာကို အများအားဖြင့် ဈေးထဲလာပြီး ဝယ်တတ်သူပင် ။ တက္ကသိုလ်ကျောင်းသားအများဆုံး လာလေ့ရှိသည့် သည်ဈေးက သူတို့ကွန်ဒိုကနေ ကားနှင့်လာလျှင် ဆယ််မိနစ်နီးပါးပဲကြာသည်။ ဈေးသည်တော်တော်များများက ရှင်းသန့်ကို သိနေပြီးသားမို့ သူဘာဝယ်ဝယ် အပိုတွေ ထည့်ပေးတတ်ကြတာကိုလည်း အားနာပေမဲ့ လက်ခံရသေး၏ ။ သူ့အဖေအပေါ်ထားကြသော ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာက သူတို့အပေါ်ထိပါ ဆက်လက်စီးဆင်းနေမြဲဟု ပြောရမည်။ အပြန်မှာလည်း ဝယ်နေကြပန်းဆိုင်က အမေကြီးကြူဆီကနေ ကားထဲမှာချိတ်ဖို့ ငွေပန်းတွဲတွေ လက်ဆောင်ရခဲ့သေးသည်။

ဈေးကပြန်ရောက်သည်နှင့် တစ်ဖက်က အခန်းထဲ အရင်သွားပြီး ဝယ်လာသည့်စားစရာတွေကို ထမင်းစား စားပွဲပေါ်မှာ တင်ထားလိုက်သည်။ ရှင်းသန့် ဝင်လာကတည်းက ရောင်ရှိန်တစ်ယောက် ကော်ဖီဖျော်ဖို့ ရေနွေးအိုးတည်နေရင်း သူ့ကို ပြုံးပြုံးကြီး ကြည့်နေတာ သတိထားမိ၏။

" ဘာဖြစ်နေတာလဲ ရုပ်က "

" မင်း အကောင်းအတိုင်း ရှိသေးသားပဲ ၊ အရှင်မင်းသား လက်ချက်နဲ့ မနေ့ညက တစ်စစီ ဖြစ်နေမယ် ထင်ထားတာ "

" တော်စမ်းပါ "

ရှက်ဝဲဝဲဖြစ်သွားသည့်ပုံစံကြောင့် ရောင်ရှိန်က ပိုပြီး စနောက်လာတော့သည်။

Forget-Me-Nots  { Completed }Where stories live. Discover now