19. May I dance with you?

4K 273 35
                                    

( Unicode )

2013၊ March

" Hearty Congratulations To All Students "

အဖြူရောင်လိုက်ကာစပေါ်တွင် အဝါရောင်စာလုံးများဖြင့် ရေးဆွဲထားသော ဂုဏ်ပြုစာတန်းက ခန်းမထဲဝင်လာကြသူများကို စင်မြင့်ပေါ်ကနေ ကြိုဆိုလျက်ရှိသည်။ ခန်း‌မတစ်ခုလုံး မီးရောင်စုံ ထွန်းထားပြီး နံရံပေါ်က တချို့နေရာများတွင် ပူဖောင်းများလည်း ချိတ်ဆွဲထားသေး၏။ အမှတ်(၁)ကျောင်းတွင် အထက်တန်းပြီးဆုံးသွားသော ကျောင်းသားများအတွက် ဂုဏ်ပြုပွဲနှင့် နှုတ်ဆက်ပါတီ ကျင်းပနေကြခြင်းပင် ။

" သူငယ်ချင်းတွေနဲ့ဆရာတွေအားလုံးကို သတိရနေပါ့မယ် " ၊
" ငယ်ဘဝတစ်ခုလုံးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရပါတယ် ၊ လွမ်းနေရတော့မယ် ကျောင်းတော်ကြီး " ၊
" ရှေ့ဆက်ရမဲ့ လမ်းကြောင်းကိုယ်စီမှာ အောင်မြင်မှုတွေ ရကြပါစေ "
" အထက်တန်းလဲပြီးပြီ ၊ ဆယ့်ရှစ်နှစ်လဲပြည့်ပြီ ၊ အရင်က ခိုးလုပ်ခဲ့တာတွေကို တရားဝင်လုပ်လို့ရတဲ့အချိန်ရောက်ပါပြီ သူငယ်ချင်းတို့ "

ခန်းမအဝင်ဝရှိ ဗီနိုင်းတစ်ခုပေါ်မှာ ကျောင်းသားများက အမှတ်တရ နှုတ်ဆက်စကားများ ရေးထိုးထားကြသည်။ စင်မြင့်ထက်မှာ သီချင်းဆိုချင်ကြသူများအတွက် တီးဝိုင်းအဖွဲ့က အဆင်သင့်။ စင်ပေါ်မှာ အမှတ်တရစကား တက်ပြောကြသူများလည်း ရှိ၏။

ပါတီပွဲကို ရောက်ရှိလာကြသော ယောင်္ကျားလေးအများစုမှာ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားကြပြီး အိမ်ရှေ့စံတို့အဖွဲ့ကတော့ ခြောက်ယောက်စလုံး အဖြူရောင် formal shirtနှင့် အနက်ရောင်Suit ကို တိုင်ပင်ပြီး ဝတ်လာကြသည်။ အနက်ရောင် leather shoesကအစ ဆင်တူ။

မိန်းကလေးများကတော့ သည်ညနေအဖို့ ရောင်စုံ‌ပန်းခင်းထဲက ပန်းပွင့်လေးများလိုပင် ။ ပွဲတက် dressကိုယ်စီနှင့် တစ်ယောက်တစ်မျိုး လှပကျော့ရှင်းနေကြသည်။ နီစွေးကတော့ ချွင်းချက်။

ဂါဝန်အတို ၊ အရှည်မျိုးစုံနှင့် မိန်းကလေးတွေကြားထဲ နီစွေးက အနက်ရောင် crop topကို မီးခိုးရောင် suit နှင့်တွဲဝတ်ထားသဖြင့် တစ်ယောက်တည်းကွဲထွက်နေသည်။ စင်ပေါ်မှာလည်း သီချင်း သုံးပုဒ်လောက် တက်ဆိုသေး၏ ။ Vitamin Cရဲ့ Friends Forever သီချင်းကို နီစွေးကဆိုတဲ့အချိန် ဘုဏ်းဇေနှင့် အာကာက ဘေးကနေ ဂီတာတီးပေးကြသည် ။

Forget-Me-Nots  { Completed }Where stories live. Discover now