16. By your side

4.3K 273 36
                                    

( Unicode )

နောက်တစ်ရက်မနက်မှာတော့ လွိုင်လီမြို့အပြင်မှာရှိသည့် နေရာများသို့ သွားရောက်ကြမည်ဖြစ်၍ ရထားလုံးများ မစီးကြရတော့ပါ ။ တည်းခိုခန်းမှာပဲ မနက်စာစားပြီး သူတို့လာသော ကားလေးစီးဖြင့်သာ ထွက်ခဲ့ကြသည်။

လွိုင်လီမြို့ကနေ ဆယ်မိုင်ခန့်အကွာမှာရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ်သော ' နတ်ဂူ ' သို့သွားသည့်လမ်းမှာ အနည်းငယ်ကျဉ်းမြောင်းပြီး ကြမ်းတမ်းလှသဖြင့် အရှိန်နှေးနှေးဖြင့်သာ မောင်းကြရသည်။ တောနက်သည့်နေရာမျိုးမို့ စကားအပြောအဆိုများ ဆင်ခြင်ကြရန် မရောက်ခင်ကတည်းက လမ်းပြက သတိပေးထားသည်။ ခဲတစ်လုံးကအစ ဂူထဲမှာရှိသည့် ဘာပစ္စည်းမှလည်း မယူခဲ့ကြရန် မှာသေး၏။ ယူမိလျှင် အပြန်လမ်းမှာ တစ်ခုခုဖြစ်တတ်ပြီး ထိုပစ္စည်းအား ယူခဲ့သည့်နေရာမှာပဲ အရင်အတိုင်း သွားပြန်ထားရသည်တဲ့ ။

ကားရပ်သည့်နေရာကနေဆို နတ်ဂူဆီသို့ရောက်ရန် ဆယ်မိနစ်ခန့်လမ်းလျှောက်သွားကြရသေးသည်။ မြို့ထဲကဂူတွေလို သည်ဂူထဲမှာ ထွန်းထားသည့် အလင်းရောင်မရှိသည့်အပြင် အဆပေါင်းများစွာလည်း ရှည်လျားသေး၏ ။ ယခုထက်တိုင် သည်နတ်ဂူ၏ အဆုံးသတ်ထိ မည်သူမျှ မရောက်ဖူးကြသဖြင့် ဘယ်နေရာမှာ ဆုံးသွားသည်ဆိုတာပင် မသိကြရပါတဲ့ ။

ဂူအဝင်ဝမှစပြီး အထဲရောက်လေ တဖြည်းဖြည်း ကျဉ်းမြောင်းလာလေဖြစ်ကာ လင်းဘတ်ချေးစော်များလည်း နံနေသေးသည်။ တချို့ကျောင်းသူများကတော့ နည်းနည်းပင်လျှောက်ပြီး ပြန်ထွက်သွားကြ၏။ ဆရာမြတ်က ရှေ့ဆုံးကနေ သူများတွေ ရောက်ခဲ့သည့်နေရာအထိ ဆက်လျှောက်ဖို့ ဆော်ဩနေလေသည် ။

ဘုဏ်းဇေတို့လည်း ရှေ့ဆက်သွားရင်း တစ်နေရာအရောက်မှာတော့ သူ့ရှေ့ကသွားနေသည့် သီဟက ဘုဏ်းဇေကို လှည့်ကြည့်ကာ မျက်နှာရိပ်မျက်နှာကဲဖြင့် ဘေးဘက်သို့ညွှန်ပြသည် ။ ဘုဏ်းဇေ အစက နားမလည်သဖြင့် မေးဆတ်ပြလိုက်သောအခါ သီဟက လက်ထဲမှာ ဖွင့်ထားသည့် ဖုန်းမီးဖြင့် လှမ်းထိုးပြရာ ဂူနံရံဘေးမှာ ပြန့်ကျဲနေသော ခေါင်းတလားများကို တွေ့ရပြီး ကြက်သီးများပင် ထသွားရ၏။ ထိုအချိန်မှာပဲ သူ့အင်္ကျီခါးစမှာ တင်းခနဲဖြစ်သွားသည်။ ရှင်းသန့်က နောက်ကဆွဲကိုင်ထားခြင်းပင် ။

Forget-Me-Nots  { Completed }Where stories live. Discover now