28. You're my energy

4.3K 277 64
                                    

( Unicode)

" ဟိုမှာ မင်းသားလေး ၊ သူ့သူငယ်ချင်းတွေဆီ လာတာနေမှာ "

ဘေးနားက အသံတွေကြောင့် စာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီးဖတ်နေရာမှ အတန်းပြင်ဘက်သို့သီဟ လှမ်းကြည့်မိရာ အဖြူရောင်ဝမ်းဆက်ပေါ်မှာ အနက်ရောင် သိုးချည်ဝတ်စကုပ်ကို ထပ်ဝတ်ထားပြီး ပြစ်ချက်ပြောစရာ မြူတစ်မှုန်စာမျှပင် မရှိသည့် အသွင်အပြင်နှင့်  ဘုဏ်းဇေကို တွေ့လိုက်ရသည်။ နောက်ပြီး ဘုဏ်းဇေ သူ့ကို စူးစိုက်ကြည့်နေတာနှင့် ရင်ဆိုင်လိုက်ရ၏။

ဘုဏ်းဇေမျက်နှာကို ကြည့်ရုံဖြင့် သူ့ဆီ လာတာဖြစ်ကြောင်း သီဟ သဘောပေါက်သည်။ ဘာကြောင့်လာသလဲဆိုတာလည်း သိသည်။ ဘုဏ်းဇေနှင့်အတူလိုက်လာသည့် ရောင်ရှိန်က သူ့ကို အပြင်ထွက်လာခဲ့ဖို့ မျက်နှာရိပ်မျက်နှာကဲပြပြီး ပြန်ထွက်သွားကြတော့ သီဟလည်း စာသင်ခန်းထဲက ထွက်ပြီး သူတို့နောက်လိုက်ခဲ့ရသည်။

ဘယ်သူမှမရှိသည့်နေရာရောက်မှ ဘုဏ်းဇေက သူ့ကို ပြုံးပြသည်။ အကြည့်တွေကတော့ အေးစက်နေ၏ ။ ရောင်ရှိန်က အချင်းချင်း အေးအေးဆေးဆေးပြောဖို့ မှာပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေသည် ။ သူတို့ရန်ဖြစ်မှာ စိုးရိမ်ပုံရသည်။

" ဘုဏ်းဇေ ...ဟိုနေ့က ငါ ပြောမိတဲ့စကားက "

" စိတ်မဝင်စားဘူး "

" ဟမ် ! "

" စိတ်မဝင်စားဘူးလို့ ၊ ငါတို့နှစ်ယောက်ကို အနှောင့်အယှက် ဖြစ်စေချင်လို့ ပြောလိုက်တာပဲဖြစ်ဖြစ် ၊ မရည်ရွယ်ဘဲ လွှတ်ခနဲပြောလိုက်မိတာပဲဖြစ်ဖြစ် မင်းရဲ့ စိတ်ရင်းအမှန်က ဘာလဲ ငါ စိတ်မဝင်စားဘူး သီဟမင်းတည် "

" ဒါဆို အခုက ဘာလို့ "

" မင်းပြောတာကို နားထောင်ပေးဖို့ လာတာမဟုတ်ဘူး ၊ ငါ ပြောတာကိုပဲ မင်းနားထောင် "

ဘုဏ်းဇေရဲ့အသံမှာ မကျယ်သော်လည်း ဩဇာအာဏာအပြည့် လွှမ်းမိုးနေသည်။ သည်အကြည့် ၊ သည်အသံမျိုးနှင့် ရင်ဆိုင်ရလျှင် တော်ရုံလူ ဒူးညွှတ်ကျသွားလိမ့်မည်ထင်၏ ။

" မင်း သိလား သီဟ ၊ အခု ငါနဲ့ရှင်းရဲ့ ပတ်သက်မှုကလေ အရင်းနှီးဆုံး အဆင့်ထိရောက်သွားပြီ "

Forget-Me-Nots  { Completed }Where stories live. Discover now