အပိုင်း(၅၀၄)

Start from the beginning
                                    

ထျန်းနင်၏ အနုပညာလောကမှ ထွက်သွားသော မြင်ကွင်းသည် လူတိုင်း၏မှတ်ဉာဏ်ထဲ စွဲထင် ကျန်ရစ်နေသည်။ ထို့ကြောင့်လည်း WHရုပ်ရှင်က ရုပ်ရှင်ဝါသနာရှင်များ စွဲလမ်းမှုကို ပို၍လောင်မြိုက်စေသည်။

"ထျန်းနင်ကို သိက္ခာချခဲ့တဲ့ အနုပညာရှင်တွေက အခုထိ တောင်းပန်စကား မပြောရသေးဘူးမလား"

"သူတို့ကြောင့်သာ သရုပ်ဆောင် ထူးချွန်တဲ့ မင်းသမီးက အနုပညာလောကထဲက နုတ်ထွက်သွားရတာပဲ။ သူတို့ အရည်အချင်း မရှိတိုင်း တခြားသူကို ဝိုင်းတိုက်ခိုက်ကြတယ်။ ရွံစရာကောင်းတဲ့ဟာတွေပဲ"

"ထျန်းနင်က  အနုပညာလောကထဲက ဆုတ်ခွာတော့မယ်လို့ ကြေညာလိုက်တည်းက ထျန်းနင်ကို ဒုက္ခပေးခဲ့တဲ့ အနုပညာရှင်အားလုံးကို မုန်းလွန်းလို့ အားမပေးတော့ဘူး။ အဲဒီလို မသတီစရာကောင်းတဲ့လူတွေရဲ့ ပရိသတ် အဖြစ်မခံနိုင်ပါဘူး"

အဆုံးသတ်မှာ WHရုပ်ရှင်ကို ဒီဇင်ဘာလ ၆ရက်နေ့တွင် ရုံတင်ရန် တရားဝင်ကြေညာခဲ့သည်။ ယခုလိုမျိုး ပရိသတ်၏ စိတ်ဝင်စားမှုကို ခံရသည့် အဖြစ်အပျက်မျိုး မကြားခဲ့ဖူးပေ။WHရုပ်ရှင်က တခြားနာမည်ကျော် အနောက်တိုင်းရုပ်ရှင်များ၏ စန်းကို ယှဉ်နိုင်စွမ်း ရှိသည်။

ယခုလို အနေအထားမျိုးတွင် ရုပ်ရှင် ဖြန့်ဝေခြင်းကို 'Stupid'ရုပ်ရှင်ကဲ့သို့ တွက်ချက်နေရန် မလိုအပ်ချေ။ မည်သို့ပင် ဆိုစေကာမူ ထျန်းနင် မပါဝင်လည်း ပိုင်ချန်သုန် တစ်ဦးတည်းဖြင့် လက်မှတ်ရောင်းအား ကောင်းမွန်နိုင်သည်။

ယခုအခြေအနေက ထျန်းရွှမ်ကို နားလည်မှုလွဲစေခဲ့သည်။ ထျန်းနင်က ဖျော်ဖြေရေးလောကကိုသာ ယခုထိတိုင် အာရုံစိုက်နေပြီး ထျန်းအုပ်စုကို စိတ်မဝင်စားကြောင်း ယူဆလိုက်သည်။

သို့သော်လည်း ထျန်းနင် ကျော်ကြားလာလေလေ ထျန်းရွှမ် ပို၍ မနာလို ဖြစ်လာသည်။

သူတို့နှစ်ဦးစလုံးက ထျန်းမိသားစုမှ ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ထျန်းနင်က ပိုအလေးစားခံ၊ ပိုအချစ်ခံရသနည်း။

ထို့ကြောင့်လည်း ထျန်းရွှမ် ပို၍ သွေးအေးရက်စက်လာသည်။ ထိုစဉ်အခိုက်အတန့် ထျန်းရွှမ်ကို အသက်၃၀ခန့် အရွယ် ရှယ်ရာရှင်က လက်ကမ်းကူညီလာခဲ့သည်။ အစောပိုင်းတွင် သူမကို လှောင်ပြောင်ချင်၍ လက်ကမ်း ကူညီသည်ဟု ယူဆခဲ့သည်။ သူမကို အနိုင်ရချင်လား မေးမြန်းလာခဲ့သည်။ သူမ၏နှလုံးသားကို အနိုင်လိုချင်သည့် အလိုဆန္ဒများက လွှမ်းမိုးနေ၍ သူ့ဖိတ်ကြားမှုကို လက်ခံခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now