တယ်ရီက မျက်မှောင်ကျုံ့လိုက်သည်။
   
ထို့နောက်သူ၏ လက်အောက်ငယ်သားကို တံခါးသွားပိတ်ရန် အမိန့်ပေးလိုက်သည်။
   
"ကောင်လေး..မင်းကတော့ မကြားသင့်တာတွေ ကြားလိုက်မိပြီ ..ဒါပေမယ့်လည်း ဘယ်သူမှ မင်းရဲ့ စကားတွေကို ဂရုစိုက်မှာ မဟုတ်ဘူး.. ဘာလို့ဆို မင်းက ဘာကောင်မှ မဟုတ်လို့လေ"
   
"မဟုတ်သေးဘူး.." လင်းချီ ခေါင်းယမ်းလိုက်သည်။
   
"ဉာဏ်ပညာကြီးမားလှတဲ့ မှော်ဆေးဆရာကြီး...ကျုပ်ဒီကိုလာတာ ခိုးနားထောင်ဖို့ မဟုတ်ဘူး ခင်များဆီ တစ်ခုခု လာရောင်းတာ"
   
လင်းချီ လေနက်ခံတပ်ကို လုံး၀ ဂရုမစိုက်ပေ။ သူဖြစ်ချင်သည်မှာ ပိုက်ဆံအတွက် သိုလှောင်အိတ်ကို ရောင်းချရန်ဖြစ်သည်။
   
"မင်းဘာရောင်းချင်တာလဲ"
   
လင်းချီ သို‌လှောင်အိတ်ကို ထုတ်လိုက်ပြီး" ဒါက ရှားပါးသားရဲတွေရဲ့ မှော်အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ သိုလှောင်အိတ်ပဲ..တန်ကြေးဘယ်လောက်ရှိမယ်ထင်လဲ"
   
တယ်ရီ မျက်လုံးများကျဉ်းမြောင်းသွားပြီး ဖြည်းညှင်းစွာ လျှောက်လာကာ သိုလှောင်အိတ်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ထို့နောက်ချက်ချင်း ဇဝေဇဝါ ဖြစ်သွားပြီး "ဟမ်..ဒါတကယ့်ကို ရှားပါးမိစ္ဆာသားရဲ အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ သိုလှောင်အိတ်ပဲ"
   
"အတုလို့ထင်နေတာလား"
   
လင်းချီ ခြေချိတ်လိုက်ပြီး  "စော‌စောက ကြားခဲ့တာတွေကို ဘာမှ ပြန်ပြောမှာ မဟုတ်ဘူး ..ဒီကို လာတာ ပစ္စည်းရောင်းဖို့ပဲ..ဆိုတော့ မှန်ကန်တဲ့ ဈေးပေးဖို့ မျှော်လင့်တယ်"
   
တယ်ရီက မှော်ဆေးပညာရှင်သာမက စီးပွားရေးသမားလည်းဖြစ်သည်။ မှော်ပညာ၌ မထူးချွန်ပေမဲ့ စီးပွားရေး ဆွေးနွေးတာတော့ လွန်စွာ ကျွမ်းကျင်သည်။
   
"ဒီမှော်သားရဲ အဆီအနှစ်က နေရာတိုင်းမှာ ၀ယ်လို့ရတယ် ဒါပေမယ့် လုပ်ထားတဲ့ ဒီဇိုင်းကတော့ မဆိုးဘူး ဒီတော့ ရွှေပြား ၅၀ဆို ဘယ်လိုလဲ"
   
"ရွှေပြား ၅၀...."
   
လင်းချီ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်သွားပြီး မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူပြုံးလိုက်ပြီး "အဘိုးကြီး ကျုပ်က ကျုပ်ရောင်းနေတဲ့ ပစ္စည်းရဲ့ တန်ဖိုးကို မသိဘူးလို့ ထင်နေတာလား ခင်ဗျား ဆန်းသစ်လ မြို့တော်တစ်ခုလုံးမှာ ရှာကြည့်လိုက် ရှားပါးသားရဲ အဆီအနှစ်ဆိုတာ  ပြတ်လပ်လွန်းလို့ ထည့်ပြောစရာတောင်မလိုဘူး ပြီးတော့ ဒီရဲ့ သိုလှောင်အိတ်ကို ကျွမ်းကျင်ပညာရှင်က လုပ်ထားတာ"

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now