Chapter-5

727 99 2
                                    

【Unicode】

အခန်း(၅)
ကောလဟာလတွေက မယုံရဘူး

"ငါတို့အားလုံး လင်းချီကို ကျေးဇူးတင်ရမယ်"

"လင်းချီ မင်းဘယ်လိုလုပ်လိုက်တာလဲကွ လုံး၀ အံ့ဩစရာဘဲ"

လူတိုင်း ပျော်ရွှင်ပြီး လင်းချီကို လေထဲသို့မြှောက်ကာ ဂုဏ်ပြုနေကြသည်။

ဆယ်မိနစ်မကကြာပြီးနောက် လူတိုင်း စိတ်တည်ငြိမ်လာကြသည်။ အနီးရှိ ယွီမုန့်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမသည် အားအနည်းဆုံးသော ဆက်ခံသူ၊ လင်းချီ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

ဆန်းသစ်လမြို့တော်ရှိ လူတိုင်းက လင်းချီကို  ဆန်ကုန်မြေလေးဟုသာ ထင်ကြသည်။သို့ပေမဲ့ လက်တွေ့တွင်တော့ သူသာ ထူးချွန်းထက်မြက်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူတစ်ယောက်ဖြစ်နေသည်မှာ အံ့ဩစရာပင်။

သူမ၏ နီလာကဲ့သို့ မျက်လုံးများက လင်းချီ၏ ခန့်ညားသော ရုပ်သွင်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ကြည့်ရတာ ကောလဟာလတွေက အမှန်မဟုတ်ဘူးပဲ"

"နင်က အန္တရာယ်ရှေ့မှာတောင် တည်ငြိမ်နေတာပဲနော် ဘယ်လိုတောင် အဲ့လိုတည်ငြိမ်နိုင်ရတာလဲ"

လင်းချီ သူ့ဆီသို့ ဦးတည်နေသော ယွီမုန့်၏ အကြည့်များကို သတိမပြုမိသေးပေ။ သူ့လက်များကိုကြည့်ပြီး တုန်ခါနေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ အစောတုန်းက တိုက်ပွဲတွင် ကြောက်သည်ဟု ခံစားခဲ့ရသော်လည်း ယခုအချိန်‌တွင်တော့ သူ၏ခံစားချက်များ တည်ငြိမ်သွားပြီဖြစ်သည်။သို့ဖြစ်စေကာမူ သူ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်နေဆဲဖြစ်ပြီး သွေးများမှာလည်း ဆူပွက်နေဆဲပင်။

အဲ့တာက.သူ အလွန်ပင်စိတ်လှုပ်ရှားနေသည့်အလား!

"ငါကြောက်တယ်ဆိုပေမဲ့လည်း တိုက်ခိုက်ဖို့ ဆန္ဒရှိသေးတယ်လေ"

လင်းချီက သူဟာ တိုက်ခိုက်ရာတွင် ပါရမီပါသော်လည်း လေ့ကျင့်မှုနှင့် တိုက်ပွဲအတွေ့အကြုံတို့ လိုအပ်နေဆဲဖြစ်ကြောင်း ကောင်းကောင်းသတိထားမိသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now