Chapter 1

1.5K 123 4
                                    


【Unicode】

အခန်း (၁)

လျှာကဝေစနစ်

မှော်ကုန်းမြေတိုက်ကြီး

မှော်ပညာများတည်ရှိရာနေရာ။ ကမ္ဘာ့ စွမ်းအားအကြီးဆုံးအင်အားစုများကို ကြီးမြတ်သော မှော်ဆရာများက ထိန်းချုပ်ထားသည်။ သို့သော်ငြား စွမ်းအားကြီးသော ထင်ရှားသည့် မှော်ဆရာများပင် ခြေမချဝံ့သောနေရာများ ရှိလေသည်။

တိုက်ကြီး၏ အရှေ့ဘက်တွင် အဆုံးမဲ့ပင်လယ်ရှိပြီး ထိုပင်လယ်ထဲရှိ ရက်စက်သော ပင်လယ်သတ္တဝါပေါင်းများစွာတို့မှာ သတ္တိနည်းသော လူသားတို့အား  ပင်လယ်ထဲသို့ မ၀င်ရဲ ဖြစ်စေခဲ့၏။

အ‌နောက်ဘက်တွင်မူ နတ်ဆိုး သဲကန္တာရရှိသည်။ ၎င်းမှာ အဆုံးမဲ့ ခြောက်သွေ့နေပြီး ခရီးသည်များကို ငရဲသို့ ရောက်အောင်ဆွဲဆောင်သော ဖြားယောင်းတတ်သည့် နတ်ဆိုးများက ဟိုဟိုဒီဒီ သွားလာနေတတ်သည်။

မြောက်ဘက်စွန်းပိုင်းတွင်တော့ အေးခဲသစ်တောရှိပြီး တစ်နှစ်ပတ်လုံး အေးခဲနေ၏။ ထိုနေရာမှာ လူသားများမ၀င်ရဲသော နေရာတစ်ခုပင်ဖြစ်သည်။ထိုရေခဲတမျှအေးသော အေးစိမ့်မှု တစ်ခုတည်းနှင့်တင် မည်သူမျှ မ၀င်နိုင်အောင် ဟန့်တားရန် လုံလောက်ပေသည်။

နောက်ဆုံးဖြစ်သော်ငြား အထင်သေး၍ မရသည့် ကုန်းမြေတိုက်ကြီး၏ တောင်ပိုင်းတွင် ဒဏ္ဍာရီထဲမှ ကြောက်မက်ဖွယ်အကောင်းဆုံး နေရာ တည်ရှိသည်။ ၎င်းနေရာမှာ ရတနာများ စုဆောင်းရခြင်းအား နှစ်သက်သော ဒဏ္ဍာရီလာ ဧရာမနဂါးကြီးများ၏ ကျက်စားရာ နေရာဖြစ်ပြီး လူ့ဘီလူးကြီးများဖြစ်‌သော အော့စ်မျိုးနွယ်များ၏ အသိုက်ဖြစ်သည့် မုန်တိုင်းပင်လယ်အော်လည်းပဲ ယင်းတောင်ဘက်ပိုင်းတွင် တည်ရှိနေသည်။ အတိတ်က ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ မုန်တိုင်းပင်လယ်အော်အတွင်းတွင် တည်ရှိသည်ဟုပင် ပြောစမှတ် ရှိဖူးခဲ့သည်။

များစွာသော စွန့်စားသူတို့မှာ ထိုဒေသများတွင် စွန့်စားရှာဖွေရန် စိတ်အားထက်သန်ကြသော်လည်း ထိုဒေသများထဲသို့ ခြေချသူမှန်သမျှ ပြန်ထွက်လာနိုင်ခြင်းမရှိပေ။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now