Chapter 23

528 47 0
                                    

အခန်း(၂၃) စျေးနှုန်းမြှင့်တင်ခြင်း

လင်းချီသည် ကန်စွန်းဥ အလုံး ၅၀ ကို ချက်ချင်းပြင်ဆင်ပေးလိုက်ပြီးနောက် လူထွားကြီးက စကားတစ်ခွန်းမှ မပြောပဲ ရွှေဒင်္ဂါးတစ်ပြားပေးခဲ့သည်။

"ကောင်းပြီ!"

လင်းချီသည် ငွေလက်ခံရရှိပြီးနောက် သူ့မျက်နှာသည် ပျော်ရွှင်မှုနှင့် တောက်ပလာခဲ့သည်။ သူ၏ ပထမဆုံးအရောင်းအဝယ်က ရွှေဒင်္ဂါးတစ်ပြားစာလောက် အဖိုးတန်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

မင်ရှန့်သည် ကန်စွန်းဥသေတ္တာကို သယ်လာပြီး သူ့ပါးစပ်ထဲသို့ တစ်ခုထည့်လိုက်သည်။ သူသည် ပုံမှန်ကန်စွန်းဥများနှင့် အလွန်အကျွမ်းတဝင်ရှိပြီးသားဖြစ်သည်။

သို့သော် ဤကန်စွန်းဥမှာ သူ့ပါးစပ်ထဲသို့ ရောက်သည်နှင့် ပျော်ဝင်သွားခဲ့ပြီး ချိုမြိန်ကာ မွှေးကြိုင်နေသည်။ သူ့မျက်လုံးများလည်း ချက်ချင်း ပြူးကျယ်လာခဲ့ပြီး ဒုတိယတစ်ခုကို သူ့ပါးစပ်ထဲသို့ ထည့်ရန်ပင် မစောင့်နိုင်အောင်ဖြစ်ခဲ့ရသည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော သူက နောက်ဆုံးတွင်တော့ စကားလုံး တစ်လုံးကို ထုတ်ပြောခဲ့သည်၊ "အရသာရှိလိုက်တာ!"

စားပြီးနောက် ထိုလူထွားကြီး အဆင်ပြေနေသေးသည်ကို တွေ့လိုက်ရသောအခါ လူတိုင်းက မနက်စာဝယ်ရန် လင်းချီဆီသို့ လျှောက်လာခဲ့ကြသည်။

တစ်ကြိမ်တည်းမှာပင် ဒုတိယထပ်တစ်ခုလုံး လူပြည့်လုနီးပါးဖြစ်သွားခဲ့သည်။ လူတိုင်းသည် အရသာရှိသည့် မနက်စာကို ခံစားနိုင်ပြီး တစ်ချိန်တည်းမှာပင် လင်းချီကို မှတ်မိသွားကြသည်။

ဆန်းသစ်လမြို့တော်မှ လင်းမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် သူက မနက်စာရောင်းဖို့ ဤနေရာတွင် အမှန်တကယ် စျေးဆိုင်တစ်ခု ထောင်တယ်တဲ့။ ဒါဟာဘယ်လောက် ရှက်ဖို့ကောင်းလိုက်သလဲ?

ဆန်းသစ်လမြို့တော်၏ ထင်ရှားကျော်ကြားသည့် မိသားစုများမှဖြစ်သော ယွီမုန့်နှင့် လူးဝစ်နှစ်ဦးလုံးသည်လည်း ထိုကိစ္စကြောင့် အရှက်ရခဲ့ကြသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now