မောင့်ရဲ့ပျိုး(16)

619 34 1
                                    

ပျိုးပစ္စည်းတေသိမ်းနေတုန်းကောင်တာ‌ေပါ်မှစာအုပ်တချို့ကိုတိုက်မိသွားတာကြောင့်ပြန်ကောက်နေတုန်းမှာတံခါးဖွင့်သံကြောင့်ဝင်လာသည့်ဧည့်သည်ကိုဆိုင်ပိတ်သွားကြောင်းပြောမည့်စကားတွေဟာမြင်လိုက်ရတဲ့လူကြောင့်လေထဲတွင်ရပ်တန့်သွားခဲ့သည်။ပျိုးမျက်နှာထက်တွင်အံ့ဩမှုတို့ကအထင်းသား။ထို့နောက်ခပ်တိုးတိုးရေရွတ်မိတဲ့နာမ်စားက.....မောင်...

လယ်ပိတ်ဆွယ်တာအဖြူပေါ်ကိုမှLong Coatအနက်ရောင်ဖြင့်တွဲဖက်ဝတ်ထားသောမောင်သည်ခန့်ညားစွာကြည့်ကောင်းလွန်းလှသည်။ဝဠာသည်ပျိုးအနားအားလေအလျင်လိုရောက်လာကာ...

"မောင့်သတိုးသားလောင်းလေးကိုအများကြီးလွမ်းနေရတာ"

ဝဠာထိုသို့ပြောကာဖက်လိုက်တော့...

"ဘယ်သူကမင်းကိုလက်ထပ်မယ်ပြောလို့လဲ"

ပျိုးလည်းဝဠာ့ကိုယ်အားတွန်းဖယ်ကာယူစရာရှိတာများယူပြီးဆိုင်ပြင်သို့ထွက်လာတော့သည်။ဝဠာကလည်းပျိုးနောက်လိုက်ကာတံခါးပိတ်နေသူအားငေးနေမိ၏။ဝဠာငေးနေတာဘယ်လောက်ကြာသွားမှန်းမသိချစ်ရသူလေးကသူ့အားမစောင့်ပဲထွက်သွားလေသည်။

"အချစ်မောင့်ကိုစောင့်ပါအုံး"

ပျိုးသည်နောက်မှခေါ်သံကိုမကြားချင်ယောင်ဆောင်ကာခပ်သွက်သွက်လမ်းလျှောက်လိုက်တော့သည်။ဝဠာကနောက်ကနေပြေးလိုက်ကာဖက်လိုက်တာကြောင့်ပျိုးကိုယ်လေးအင့်ခနဲယိုင်သွားရသည်။

"ပျိုး..ဘာလို့မောင့်ကိုတယောက်ထဲထားခဲ့တာလဲ"

"အမြင်ကတ်လို့"

"ဟာ~ပျိုးကလဲ...."

ဆွဲဆွဲငင်ငင်ဖြင့်ဝဠာခပ်ချွဲချွဲခေါ်လိုက်တော့ပျိုးမှာထိန်းထားတဲ့ကြားထဲကရီမိသွားသည်။ထိုအရာကိုမြင်လိုက်တဲ့ဝဠာကပျိုးအားပုခုံးကနေကိုင်ကာသူ့ဘက်သို့လှည့်စေပြီး....

"ပျိုး..ခုနကပြုံးလိုက်တယ်မလား?."

"ဟင့်အင်း...မ..မပြုံးပါဘူး!.."

"ပျိုး!.."

"ဘာလဲ!!.."

"မောင်အရမ်းလွမ်းနေခဲ့တာ.."

မောင့်ရဲ့ပျိုးWhere stories live. Discover now