မောင့်ရဲ့ပျိုး (9)

1.1K 41 0
                                    

ထိုနေ့မှစ၍ပျိုးသည်ဒယ်ဒီ့အားခွင့်ရက်ရှည်ယူမည်ဟုပြောကာ‌ေပါ်မလာတော့ပေ။ဖုန်းဆက်ရင်လည်းမကိုင်သလို ခေါ်ပါများလာရင်စက်ပိတ်ပစ်လိုက်သည်အထိ....သုံးရက်ရှိပြီသူစောင့်နေခဲ့ရတာ။ဒီနေ့တော့ဘယ်လိုမှမနေနိုင်တော့တာကြောင့်မျက်နှာလေးပဲဖြစ်ဖြစ်မြင်ရလိုမြင်ရငြားခေါင်းရင်းတွင်ချိတ်ဆွဲထားသောအချိန်‌အတော်ကြာချောင်ထိုးထားခဲ့တဲ့ဂီတာကိုယူကာဆိုင်ကယ်တရကြမ်းမောင်းပြီးချစ်ရသူလေးအိမ်ရှေ့သို့ထွက်လာခဲ့တော့သည်။

ပျိုးဘာတွေလုပ်မိမှန်းမသိတော့ပါ။ရှက်စိတ်ရောအားနာစိတ်နဲ့ပါရောပြီးစာသွားမသင်ဖြစ်တာသုံးရက်လောက်ရှိပြီဖြစ်သည်။ဝဠာ့ဘက်ကကြည့်ပြန်ရင်လည်းသူကဖွင့်ပြောထားပြီးတဖက်လူကမသိသလိုနေမယ်ဆိုလျှင်သူသူကိုယ်ကိုယ်စိတ်ဆိုးကြမှာအမှန်။ ပျိုးမနက်ဖြန်စာပြန်သွားသင်ရင်းဝဠာ့ကိုလည်းတောင်းပန်ဖို့ဆုံးဖြတ်ထားသည်။သူကငယ်တဲ့လူမလို့တဇွတ်ထိုးလုပ်လိုက်ပေမဲ့ ကိုယ်ကအကြီးဖြစ်နေတော့ကိုယ့်ဘက်ကပဲနားလည်ပေးလိုက်မည်။တွေးလက်စအတွေးတွေကိုဖြတ်ပြီးအိပ်ပျော်ရန်ကြိုးစားလိုက်သည်။ထိုစဉ်တိတ်ဆိတ်တဲ့ညအချိန်ကိုဖြိုခွင်းတဲ့ဂီတာလက်ခတ်သံနှင့်အတူခပ်ဩဩအသံတစ်ခုကိုကြားလိုက်တာကြောင့်လိုက်ကာလေးကိုအနည်းငယ်ဟ.ကာကြည့်လိုက်တော့ဝဠာ။သူကဂီတာလည်းတီးတက်သလိုသီချင်းလည်းဆိုတက်တာလားဟုတွေးရင်းပျိုးဆက်နားထောင်နေလိုက်သည်။

🎼စိတ်မဆိုးနဲ့နော်..ခွင့်လွှတ်ပါကွယ်ကိုယ်ရိုင်းနေရင်...🎼

🎼ကိုယ့်စိတ်ကအရင်ဒီလိုမဟုတ်ဘူးကွယ့်..မင်းနဲ့မှပြောင်းလဲကုန်ပြီ...🎼

🎼အားလုံးလည်း..ငါမယုံနိုင်မင်းလေးကိုဘယ်သူ့မှမပေး..မပေး..မပေးနိုင်ဘူး...🎼

🎼မင်းငါ့အသည်း...ငါ့အချစ်ပဲ...မင်းလေးဟာငါ့အတွက်ပဲ...လွန်တယ်လို့မင်းထင်လား.....🎼

🎼အဘိဓမ္မာတရားမှာ...အချစ်မှာနှေးကန်ရင်... ခံသွားနိုင်တယ်...🎼

🎼တစ်ယောက်ယောက်ကဝင်လာပြီး...လုသွားမှာလည်း...ဒီကောင်လေးကြောက်နေတယ်....🎼

မောင့်ရဲ့ပျိုးOù les histoires vivent. Découvrez maintenant