မောင့်ရဲ့ပျိုး(11)

1.1K 36 2
                                    

စေရာဖွင့်ပြောမယ်ဆိုပြီးစိတ်ကိုတင်းထားကာမှဝဿန်ကသူ့ရှေ့ကိုပေါ်မလာခဲ့ပါ။တွေ့ပြန်တော့လဲကိုယ်ကစကားစမယ်ရှိသေးအကြောင်းအမျိုးမျိုးပြကာရှောင်နေသူအားဒီနေ့တော့အမိဖမ်းရမည်။ထိုစဉ်သန့်စင်ခန်းမှထွက်လာသောဝဿန့်လက်အား‌ေစရာဆွဲကာအရေးပေါ်လှေကားဘက်သို့ခေါ်သွားလိုက်သည်။အထဲရောက်တယ်ဆိုရင်ပဲဝဿန့်အားနံရံတွင်ဖိကပ်လိုက်ပြီးနှုတ်ခမ်းပါးတို့ကိုစတင်နမ်းရှိုက်လာသည်။သူနဲ့ကိုယ်နဲ့ကအရပ်ကသာမတိမ်းမယိမ်းဆိုပေမဲ့ခန္ဓာကိုယ်ကတော့ဝဿန့်ထက်အနည်းငယ်ပိုထွားသည်။ဝဿန်အတင်းရုန်းကာတဘုန်းဘုန်းထုရိုက်နေပေမဲ့နည်းနည်းမှအလွတ်မပေးတဲ့သူကြောင့်နှုတ်ခမ်းကိုအားနဲ့ဆွဲကိုက်ပစ်လိုက်သည်။

"အ!!..မင်းကခွေးလား!.."

"ခင်ဗျားကအတင်းနမ်းနေတာကို!!.."

"မကျေနပ်ရင်ပြန်နမ်းလိုက်လေ! မင်းဘာလို့ငါ့ကိုရှောင်နေတာလဲ!.."

"ဘယ်သူကရှောင်နေလို့လဲ!!..ခင်ဗျားကျွန်တော့်ကိုမမြင်ချင်ဘူးမလား?အဲ့တာကြောင့်ခင်ဗျားရှေ့ပေါ်မလာအောင်နေပေးတာလေ!.."

"Sorryပါအဲ့နေ့ကကိစ္စအတွက်ကိုယ်တကယ်တောင်းပန်ပါတယ်..."

"ဘယ်သူကဘာပြောနေလို့လဲ?..အဲ့ကိစ္စစိတ်ထဲတောင်မရှိဘူး!.."

ဝဿန်လိမ်လိုက်သည်။စိတ်ထဲမှာမရှိပဲနေမလားလူကိုအရမ်းအော်ပြီးနဲနဲလေးမှလှည့်မကြည့်တဲ့သူကိုအမှုန်ကြိတ်ပစ်ချင်လောက်အောင်တိုနေတဲ့စိတ်ကိုဆွဲဆန့်ကာရှောင်နေခြင်းဖြစ်သည်။တစ်ဖက်ကတွေးပြန်ရင်လည်းကိုယ်နဲ့သူကဘာမှဆိုင်တာလည်းမဟုတ်ပဲနဲ့အချော့ခံချင်နေသည့်ကိုယ့်ကိုကိုယ်သာစိတ်ပျက်မိသည်။ဒီလူနဲ့ပတ်သက်ရင်ကိုစိတ်တွေကဘာလို့နူးညံ့နေမှန်းမသိတော့ဘူး......

"ဟိတ်!..ဘာတွေတွေးနေတာလဲ"

ကိုယ်ကအတွေးနယ်ချဲ့နေတုန်းပါးပြင်အားဖြတ်ခနဲနမ်းကာမေးလာသူကြောင့်လက်ရှိချိန်ကိုသတိပြန်ရတော့သည်။အခုချိန်ထိဝဿန့်အားမြွေတစ်ကောင်လိုရစ်ပတ်ပြီးဖက်ထားကာအလွတ်ပပေးတဲ့သူကြောင့်ဝဿန်အတင်းရုန်းနေမိသည်။

မောင့်ရဲ့ပျိုးWhere stories live. Discover now