မောင့်ရဲ့ပျိုး(10)

1.1K 44 2
                                    

"ပျိုး..."

"ဟင်"

"ပျိုး..လို့..!"

"ဘာလဲ!!.ဒီမှာစာစစ်နေတယ်လေ.."

"မောင်စကားပြောမလို့..မောင့်ကိုပဲကြည့်.."

"ကျစ်!..ဝဠာမင်းတော်တော်လျှာရှည်တဲ့ကောင်...ပြောဘာလဲ!"

ပြွတ်!

ပျိုးမော့ကြည့်တဲ့အခါဘယ်အချိန်ကတည်းကအနားမှာရောက်နေမှန်းမသိတဲ့သူကနှုတ်ခမ်းကိုဖြတ်ခနဲနမ်းလာသည်။

"ဝဠာ!.."

ပြွတ်!

"ဝဠာထွဋ်ခေါင်!!!..မင်းဘယ်လို!!......."

ပြွတ်!..ပြွတ်!!

"မောင့်!!!'

ထိုအခါမှအနမ်းတို့ရပ်သွားတော့သည်။

"အဟွန်း!...အဲ့လိုလိမ္မာမှပေါ့"

"ပြော!.ဘာလဲ"

အတင်းအနမ်းခံလိုက်ရတာကြောင့်ပျိုးမျက်နှာဆူပုတ်နေသည်။

"ရုပ်ကြီးကိုအဲ့လိုလုပ်မထားပါနဲ့.... လှလည်းမလှပဲနဲ့.."

"မောင့်!!..ငါတကယ်စိတ်ဆိုးတော့မှာနော်!.."

"ok..ok~မောင်မစတော့ဘူး..မောင်တို့ညနေကျရင်Dateကြမယ်အဲ့တာပြောမလို့..."

"အင်း...ကောင်းသားပဲငါတို့......"

📱🎼Baby Shark doo doo doo doo Baby Shark doo doo doo doo Baby Shark......
Mommy Shark doo doo doo doo Mommy Shark doo doo doo doo Mommy Shark.......
Daddy Shark........🎼📱

ခွီး!!!!

ထိုစဉ်စားပွဲပေါ်၌တင်ထားသောဖုန်းမြည်သံကြောင့်ဝဠာရီမိတော့ချစ်ရသူထံမှမျက်စောင်းလှလှလေးကိုလက်ခံရရှိသည်။။ဝဠာရီမိတာလည်းမမှားဘူးမလား၂၃နှစ်အရွယ်လူတစ်ယောက်ရဲ့ဖုန်းringtoneကBaby Sharkဆိုတာက‌ေတာ့ကြားတဲ့သူတိုင်းဘယ်သူကမရီမိပဲနေနိုင်မှာလဲ?..သို့သော်လည်းကိုယ့်ကောင်လေးရဲ့လက်ဆဘယ်လောက်ပြင်းလဲဆိုတာသိတာကြောင့်ရီချင်စိတ်ကိုထိန်းကာမျက်နှာပိုးသတ်လိုက်ရသည်။

"ဟုတ်လား...အေး!..ငါစာသင်ပြီးရင်လာခဲ့မယ်..အင်း..ဒါပဲနော်"

"ဘယ်သူလဲ!..စာသင်ပြီးရင်မောင်နဲ့Dateဖို့လုပ်ထားတယ်လေ!!"

စောနကအူတက်အောင်ရီထားတဲ့ဝ‌ဠာထွဋ်ခေါင်မဟုတ်တော့သလိုဆူပုတ်နေသောရုပ်ဖြင့်ပျိုးအားပြောလေသည်။

မောင့်ရဲ့ပျိုးOnde histórias criam vida. Descubra agora