"ဒယ်ဒီ!!!..ကျွန်တော်မလုပ်နိုင်ဘူးနော်!!."
"မရဘူး..!မိုးဝဿန်ငါအားလုံးပြောထားပြီးပြီ...မင်းမှာဘာအလုပ်ရှိလို့တုန်းတစ်နေ့တစ်နေ့ လည်ယာပြန်စားရေးလုပ်ပြီးအချိန်ကုန်နေတာ!..ရန်ပွဲဟေ့ဆိုလဲမင်းကထိပ်ဆုံးက အခုလည်းမင်းကိုလုပ်နိုင်လားမလုပ်နိုင်ဘူးလားဆိုပြီးေရွးချယ်ခိုင်းနေတာမဟုတ်ဘူးမင်းလုပ်ကိုလုပ်ရမယ်ဆိုတာအသိပေးတာ!!.."
"ဒါဆိုလည်းဒယ်ဒီ့ကုမ္ပဏီမှာဘဲလုပ်မယ်!"
"မရဘူး!!..ငါ့ဆီမှာဆိုမင်းအချောင်ခိုမှာသိတယ်..မင်းလျှာမရှည်နဲ့မိုးဝဿန်ငါပြောတဲ့နေရာမှာအလုပ်မလုပ်ဘူးဆိုရင်မင်းရဲ့cardတွေအကုန်ငါပိတ်ပစ်မယ်!!ပြီးတော့ဒီမှာတွေ့လား......"
ဘယ်အချိန်ကဘယ်လိုဒယ်ဒီ့လက်ထဲရောက်သွားမှန်းမသိတဲ့ဝဿန့်ရဲ့ကားသော့လေးကိုလက်မှာဝှေ့ယမ်းပြနေသည်။
"ဒီကားကိုပါသိမ်းမှာ..!!"
"ဒယ်ဒီ့!!!!"
ဒယ်ဒီကတော့တချက်လွှတ်အမိန့်ချပြီးတာနဲ့နောက်လှည့်မကြည့်ဘဲထွက်သွားပြီဖြစ်သည်။ဝဿန်စိတ်ရှုပ်စွာဆံပင်အားထိုးဖွလိုက်သည်။ဒယ်ဒီသည်အပြောနှင့်အလုပ်ညီသူဖြစ်တာကြောင့်ဝဿန့်မှာဒယ်ဒီ့စကားနားထောင်ဖို့သာရှိတော့သည်။မဟုတ်ရင်သူ့ေဘဘီလေးတွေနဲ့ခွဲရတော့မှာ။အတွင်းရေးမှူးေနရာလောက်ဆိုလည်းမဆိုးပါဘူးဟုစိတ်ထဲမှတွေးရင်း...
...
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•Star Lightဆိုပြီးရွှေရောင်စာသားများနဲ့ထွင်းထုထားသောကုမ္ပဏီရှေ့သို့ခြေချလိုက်သည်။လျှောက်လမ်းအတိုင်းဝင်လာရင်းဧည့်ကြိုကောင်တာမှကောင်မလေးအားမေးကာဒယ်ဒီပြောနေတဲ့အရမ်းကိုထူးချွန်ထက်မြက်လှပါချည်ရဲ့ဆိုတဲ့CEOထံသို့ခြေလှမ်းများကိုအလုပ်ပေးလိုက်သည်။လမ်းတစ်လျှောက်တွင်သူ့အားသမင်လည်ပြန်ကြည့်နေကြသောကောင်မလေးတွေ၏အကြည့်များအားလျစ်လျူရှုကာ...
'ဟူး...ရုပ်ချောရတာလဲမလွယ်ပါလားနော်..'
ဝဿန်စိတ်ညစ်သလိုလေးညည်းညူရင်းလျှောက်လာရာ(CEO Min Sayyar)ဟုချိတ်ဆွဲထားသောတံခါးရှေ့ရပ်ခါအခန်းတံခါးအားခေါက်လိုက်သည်။ဝင်ခွင့်ပြုသံကြားရသည်နှင့်သူအထဲသို့ဝင်သွားလိုက်သည်။စေရာစာရင်းများကိုပြန်စစ်နေတုန်းမျက်စိရှေ့ရောက်လာသောခြေထောက်တစုံအားတွေ့လိုက်ရသည်။ဒယ်ဒီ့မိတ်ဆွေရဲ့သားတယောက်လာဖို့ရှိတာထိုမှသတိရသွားေတာ့သည်။။စေရာထိုလူ၏မျက်နှာအားမော့ကြည့်မိတဲ့အခါ.....
YOU ARE READING
မောင့်ရဲ့ပျိုး [Complete ]
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး Title - မောင့်ရဲ့ပျိုး Type - BL , Romance , M-Preg Writer - Mable Start Date>>>> 18.9.2023 End Date>>>> 4.7.2024