မောင့်ရဲ့ပျိုး(14)

563 29 0
                                    

3years & 10month later>>>
ကနေဒါနိုင်ငံ

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့်ဝဠာအဆောင်၏ပြတင်းပေါက်ဘောင်ကိုမှီကာတဖြောက်ဖြောက်နှင့်ဆွေးဆွေးမြေ့မြေ့ရွာသွန်းနေသောမိုးစက်များကိုအကြောင်းမရှိငေးကြည့်နေမိသည်။ထိုစဉ်ဝဠာ၏အခန်းဖော်သူငယ်ချင်းကရောက်လာကာ...

"Bro..ဒီစာမေးပွဲပြီးရင်ငါနဲ့နယူးယောက်ကိုခရီးထွက်ကြမလား?.."

"တော်ပါပီကွာ..ငါအိမ်ကိုပဲမြန်မြန်ပြန်ချင်နေပြီ"

"ဟွန့်..မင်းကလဲပိတ်ရက်တိုင်းလဲအိမ်ပဲပြန်နေပြီးတော့..မသိရင်ပဲလွမ်းစရာအိမ်သူသက်ထားရှိနေတာကျလို့"

Jayပြောတဲ့စကားကိုသူရီနေယုံမျှသာတက်နိုင်တော့သည်။သူကလည်းသူပင်။လွန်ခဲ့တဲ့သုံးနှစ်လောက်.ကနေဒါကိုစရောက်ပြီဆိုကတည်းကကျောင်းပိတ်တိုင်းမြန်မာပြည်ကိုပြန်ဖို့သာအားသန်နေတာပင်။ဟိုမှာရှိနေတဲ့အသည်းအသက်လေးကိုစိတ်မချတာကြောင့်ပေါ့။ Video call နဲ့ပြောနေရသော်လည်းအလွမ်းမပြေသည့်အပြင်ပိုလို့တောင်တွေ့ချင်လာရသည်။ကျောင်းပိတ်ချိန်တိုင်းမြန်မာပြည်ပြန်တိုင်းလည်းအလွမ်းသည်ရတာအမော။နိုင်ငံရပ်ခြားမှာပဲချစ်ရသူကိုနေ့လွမ်းညလွမ်းနှင့်ပင်နေလာတာအခုဆိုရင်နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးအပြီးပြန်လာရတော့မှာကြောင့်ဝဠာစိတ်လှုပ်ရှားနေမိသည်။စိတ်လှုပ်ရှားဆိုဒယ်ဒီကပြန်လာတာနှင့်ပျိုးနှင့်လက်ထပ်ပေးမည်ဆိုသည့်ကတိစကားကြောင့်ပင်ဖြစ်မည်။

"ငါဒီကပြန်တာနဲ့လက်ထပ်တော့မှာ"

"Really?...ဂုဏ်ယူပါတယ်ကွာ..ဒါနဲ့အဲ့ကောင်မလေးကမင်းနဲ့ညတိုင်း video callပြောတဲ့အလှလေးလား..."

"သူကယောက်ကျားလေး...ပြီးတော့Jay!..ငါ့ချစ်သူကိုအဲ့လိုတေမခေါ်နဲ့!...ငါတကယ်မကြိုက်ဘူး!!..."

Jayကဝဠာ့ကိုကြည့်ကာမနိုင်ဘူးဟူ‌သည့်သဘောဖြင့်လက်မြှောက်ပြတော့နှစ်ယောက်သားမတိုင်ပင်မိပါပဲတယောက်မျက်နှာတယောက်ကြည့်ကာရီမိလိုက်ကြသည်။ဝဠာကပျိုးနဲ့ပတ်သက်ရင်စဉ်းစားဉာဏ်မဲ့တယ်။စာမေးပွဲကိုမြန်မြန်ပြီးပါစေလို့ဆုတောင်းရင်းမြန်မာပြည်ပြန်ရဖို့ကိုသာရင်ခုန်စွာစောင့်စားနေမိတော့သည်။

မောင့်ရဲ့ပျိုးWhere stories live. Discover now