အပိုင်း(၅၀၀)

Začít od začátku
                                    

"အားလုံးကို အခုလို တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်"

သူတို့ ငါးယောက်အုပ်စုထဲမှ အမျိုးသမီး တစ်ဦးက မတ်တတ်ထရပ်ကာ ထျန်းနင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ ထိုစဉ် ကျန်ရှိသော လူလေးဦးက ထိုင်ခုံကို ကျောမှီလျက် သူမကို ငေးစိုက်ကြည့်နေသည်။

"ဒီနေ့ မင်းရဲ့ သဘောထားကို ကြည့်ရုံနဲ့ မင်းနဲ့ အလုပ်တွဲလုပ်စရာ အကြောင်း မရှိဘူး"

"အခုတော့ စီးပွားရေး ကိစ္စတွေကို ဘေးချိတ်လိုက်ပါ။ အစားအသောက်တွေ အရင်ဆုံး မြည်းစမ်းကြည့်ပါဦး"

ထျန်းနင်က ဟန်မပျက် ပြုံးလျက် စားပွဲထိုးကို အရိပ်အခြေပြသည်။

ကိုယ်စားလှယ်များ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း စားပွဲထိုး သယ်လာသော စားသောက်ဖွယ်ရာများကို ကြည့်ပြီး သူတို့မျက်ဝန်းများက အံ့ဩသော အရိပ်အယောင်ကို ပြသသည်။

"ငါတို့ ဒါတွေ စားချင်နေတာ မင်း ဘယ်လိုသိလဲ"

"ငါ အကြိုက်ဆုံး ကိတ်ခြောက်နဲ့ ကော်ဖီပဲ"

"ဒါက... "

သူတို့အကြိုက်ကို ထျန်းနင်က သိနေ၍ သူတို့ငါးယောက် အုပ်စု အံ့ဩနေသည်။ တကယ်တမ်း သူတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တခြားသူသိအောင် ပြောပြလေ့ မရှိပေ။

ထိုမြင်ကွင်းကြောင့် ကိုယ်စားလှယ်ထဲမှ တစ်ဦးက စိတ်ဝင်စားဟန် ပြုံးပြပြီး လက်ပိုက်ဟန် အနေအထားဖြင့် မေးမြန်းသည်။
"ငါတို့အကြိုက်ကို မင်းဘယ်လို စုံစမ်းမိထားလဲ သိချင်မိတယ်။ မင်း ဖြေပေးနိုင်မလား"

"ရှင်တို့ရဲ့  ကိုယ်ရေးအချက်အလက်တွေကို ဖတ်ကြည့်တော့ ရှင်တို့ မျက်နှာက ရှင်တို့အကြိုက်ကို ဖော်ပြနေတာပဲလေ။ တခြားသူက ခန့်မှန်းကြည့်လို့ ရပါတယ်"
ထျန်းနင် ပြုံးသည်။
" ဥပမာ ပြောပြရရင် ရှင့်ဘေးနားက မိန်းကလေးက ရေသောက်ရတာ မကြိုက်ဘူး"

ထျန်းနင် လက်ညိုးထိုးပြသော မိန်းကလေးက ခေါင်းညိတ်ပြသည်။
"အမှန်ပဲ မင်းဘယ်လို သိနေလဲ"

"ဒါက လျှို့ဝှက်ချက်လေ။ ဒီက အစားအသောက်တွေရဲ့ အရသာကို လွတ်လွတ်လပ်လပ် မြည်းစမ်းကြည့်ကြပါ။ ပြီးမှပဲ စကားဆက်ပြောကြတာပေ့ါ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat