မောင့်ရဲ့ပျိုး(15)

Start from the beginning
                                    

"အကိုပျိုး...ကျွန်တော်လာတယ်"

ဆိုင်တံခါးဖွင့်ကာဝင်လာသူကိုကြည့်တော့စေရာ့ကောင်လေးမိုးဝဿန်ဖြစ်နေသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှစေရာကချစ်သူရှိနေပြီဖြစ်ကြောင်း..သူ့ချစ်သူကယောက်ကျားလေးတစ်ယောက်ဆိုတာကိုပါပြောလာခဲ့သည်။တဆက်ထဲဆိုသလိုသူ့ချစ်သူဟာဝဠာ့သူငယ်ချင်းဆိုတာပါသိလိုက်ရသည်။ပျိုးလည်းညစ်နေတဲ့စိတ်ကိုခဏဖယ်ကာအပြုံးလေးဖြင့်ကြိုဆိုလိုက်သည်။

"ဝဿန်..ဘာလို့တယောက်ထဲလဲစေရာရော..."

"ဟွန့်..အဲ့လူကြီးကကျွန်တော့်ကိုအလုပ်တေချည်းဖိခိုင်းနေလို့သူ့ကိုမခေါ်ပဲထွက်လာခဲ့တာ"

ဝဿန်ကသူ့ရဲ့အမူအကျင့်လေးအတိုင်းဂျစ်တစ်တစ်လေးပြောလာသည်။

"ဟား"..မင်းစေရာတို့တော့သွားပြီ"

ပထမရက်တုန်းကပျိုးအားပြောသွားသောကြောင့်အခုအဖြစ်အပျက်အားရီမိသည်။

"ဒါနဲ့အကိုပျိုး..ဝဠာကဘယ်တော့ပြန်လာမယ်ပြောလဲ"

ပျိုးခေါင်းခါပြလိုက်ရင်း...

"အကို့ကိုမပြောသေးဘူး..စာမေးပွဲပြီးမှပြောမယ်ထင်တယ်"

"ဟင်...အကိုကလည်းဟိုတလောကပဲစာမေးပွဲနောက်ဆုံးလေ"

"ဟင်!?..."

ပျိုးအံ့ဩမိသည်။စာမေးပွဲပြီးသွားတဲ့ထိတောင်ဝဠာကသူ့ကိုမဆက်သွယ်ခဲ့တာပေါ့။ဘာဖြစ်လို့မဆက်သွယ်ခဲ့တာပါလိမ့်?..နောက်ဆုံးတရက်မှမဖြေနိုင်လို့များလား..ဒီလိုဆိုရင်တောင်ဖုန်းဆက်ပြီးအကျိုးအကြောင်းလေးပြောသင့်တယ်မလား။ပျိုးအခုချိန်မှာစိတ်ဆိုးသည်ဆိုတာထက်စိတ်ပူနေခြင်းပင်ဖြစ်သည်။ဝဠာကအပြင်ပန်းကသာခက်ထန်မာကြောသလိုရှိပေမဲ့တခုခုဆိုရင်ကြိတ်ခံစားတက်ပြီးအားငယ်နေတက်သည်ဆိုတာပျိုးစာသင်ပေးခဲ့သည့်တစ်လျှောက်လုံးသိခဲ့ရသည်မဟုတ်လား...

ညအိပ်ရာဝင်ချိန်ရောက်တော့ပျိုးဘက်ကအရင်ဖုန်းစခေါ်လိုက်သည်။ပထမတစ်ကြိမ်...မကိုင်။ဒုတိယတစ်ကြိမ်လည်း...မကိုင်။တတိယတစ်ကြိမ်လည်းမကိုင်တော့ပျိုးမျက်ရည်များဝဲတက်လာမိသည်။နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်လိုက်ပြန်တော့ဖုန်းကိုပါစက်ပိတ်သွားသည်။ဘယ်လိုအကြောင်းမျိုးတွေပဲရှိရှိအတူတူရင်ဆိုင်မှာမလို့..ကျေးဇူးပြုပြီးဖုန်းလေးတော့ကိုင်ပေးပါ။ဒီနေ့လဲမျက်ရည်များစွာဖြင့်ပျိုးအိပ်စက်ရပြန်သည်....

"ပျိုးမင်းမျက်လုံး‌ေတွဘာဖြစ်တာလဲ ငိုထားတာလား"

"ဟင့်!"

ပျိုးမငိုမိအောင်ထိန်းထားပေမဲ့စေရာမေးတဲ့အခါမှာတော့ဘယ်လိုမှမထိန်းနိုင်တော့ပဲငိုချမိသည်။

"စေရာ..မောင်အဆင်မှပြေရဲ့လားမသိဘူး ငါ့ခံစားချက်တွေမကောင်းဘူး။သူ..သူတခုခုများဖြစ်နေရင်ဘယ်လိုလုပ်မလဲ..ဟင်။မင်းရော..ဝဿန့်ဆီကမောင့်သတင်းဘာကြားသေးလဲ..သိရင်ငါ့ကိုပြောပါနော်..ဟင့်"

"အေးပါကွာ...အရမ်းကြီးစိတ်ပူမနေပါနဲ့သူဘာမှဖြစ်လောက်မှာမဟုတ်ပါဘူး"

စေရာကပျိုးစိတ်ပြေအောင်ပြောပေးနေသော်လည်းပျိုးကတော့တအီအီနှင့်သာငိုနေလေသည်။ထိုစဉ်စားစရာမျိုးစုံကိုဗန်းနဲ့သယ်လာသောဝဿန်.....

"ကိုကြီး...အကိုပျိုးဘာဖစ်တာလဲ"

"ဝဠာ့ကိုစိတ်ပူလို့တဲ့လေ"

"အကို့ကိုစိတ်ပူရအောင်လုပ်တဲ့ကောင်ကိုပြန်လာမှကျွန်တော်နရင်းဆယ်ချက်လောက်တီးပေးမယ်"

ဝဿန်ကစသလိုလေးပြောလိုက်သည်။ပျိုးကတော့ဘာမှပြန်မပြောတော့ပဲငိုပဲငိုနေတာကြောင့်စေရာနှင့်ဝဿန်စိတ်မကောင်းဖြစ်မိသည်။
စေရာတို့ပြန်သွားပြီးတော့ပျိုးဆိုင်သိမ်းရန်ပြင်လိုက်သည်။အချိန်က၄နာရီခွဲကိုညွှန်ပြနေပေမဲ့လည်းဒီနေ့မှတစ်ယောက်ထဲရှိတဲ့ဝန်ထမ်းကောင်လေးကလဲခွင့်ယူထားတာနဲ့...ပျိုးလည်းစိတ်အခြေအနေမကောင်းတာနဲ့ဆိုင်ကိုစောစောပိတ်ဖို့ဆုံးဖြတ်လိုက်သည်။ဆိုင်တံခါးမှာချိတ်ဆွဲထားသောOpenဆိုတဲ့စာလေးကိုCloseဆိုတဲ့ဘက်သို့ပြောင်းချိတ်လိုက်ပြီးနောက်ဆိုင်ထဲ၌သိမ်းစရာသိမ်းဆည်းနေ၏။ထိုစဉ်ဆိုင်တံခါးမှာချိတ်ထားတဲ့ခေါင်းလောင်းလေးမြည်သံနှင့်အတူမျက်စိရှေ့ရောက်လာတဲ့ခြေထောက်တစ်စုံ.....

"ဆိုင်ပိတ်သွား......ဟင်!.."

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

မျှော်နေတဲ့သူလေးတေရှိလား???

*Thank For Reading*
🍁Mable🍁

မောင့်ရဲ့ပျိုးWhere stories live. Discover now