အပိုင်း(၄၉၈)

Start from the beginning
                                    

"ငါ့အဘိုးက ခုနောက်ပိုင်း ကျန်းမာရေး သိပ်မကောင်းဘူးလေ"

"အွန်း၊ ဒုတိယသခင်မလေးက ဆရာဝန်ဆိုတော့ သူ့ကို ဖိအားပေးလို့ မရဘူး။ တတိယသခင်မလေး ဆိုရင်ရော။ ထျန်းနင်က ဖျော်ဖြေရေးလောကထဲက နုတ်ထွက်သွားတာ မကြာသေးဘူးလေ။ သူသာ ကုမ္ပဏီကို ခဏ အုပ်ချုပ်ပေးနိုင်ရင်လည်း အုပ်ချုပ်သူ မရှိတာထက် စာရင် ပိုမကောင်းဘူးလား"

ထျန်းရွှမ်၏မျက်ဝန်းများက မှောင်မိုက်နေသည်။ သူမ ပြန်ပြောခါနီး တခြားသော ရှယ်ရာရှင်က ရုတ်တရက် စကားဝင်ပြောသည်။
"အနုပညာသမားကို ကုမ္ပဏီ အုပ်ချုပ်ခိုင်းမလို့လား။ မင်း နောက်ပြောင်နေတာလား"

"ထျန်းနင်က ဖျော်ဖြေရေးလောကထဲက အနုပညာရှင် ဖြစ်ပေမဲ့ ကျော်ကြားမှု ရှိတယ်လေ။ ပြီးတော့ သူက လူကို လူလို ဆက်ဆံတတ်တယ်။ ဒါမို့ သူ့ကို ရွေးချယ်လိုက်တာ ပိုအကောင်းဆုံး မဖြစ်ဘူးလား"

"တော်လိုက်တော့။ လူတကာကို ဖျော်ဖြေရတဲ့ လူပြက်ကိုတော့ ငါတို့ ခေါင်းဆောင် မသတ်မှတ်နိုင်ဘူး။ သူများတွေက ငါတို့ကို လှောင်ရယ်နေမှာပေါ့"

"ဒါဆိုရင် မင်းက ဘယ်သူကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားလဲ"

ထျန်းနင်ကြောင့် ရှယ်ရာရှင်တချို့ ဒေါသထွက်နေသည်။ သူတို့က ထျန်းနင်၏ အသက်မွေးဝမ်းကြောင်း အလုပ်ကို  အထင်မကြီးကြပေ။

"ထျန်းနင်ကို လက်မခံချင်တဲ့သူ ဘယ်နှယောက်ရှိလဲ သိချင်မိတယ်။ ငါတို့သာ သူ့ကို ထျန်းအုပ်စုရဲ့ ခေါင်းဆောင်ခန့်လိုက်ရင် ငါတို့ ထျန်းအုပ်စု သိက္ခာကျမှာပေါ့။ အဲဒီအစား ပထမသခင်မလေးပဲ အုပ်ချုပ်တာ ပိုမကောင်းဘူးလား"

တချို့က ထျန်းရွှမ်ကို ရုတ်ခြည်း ဦးတည်ပြောလာ၍ ထျန်းရွှမ် ကိုယ်တိုင် အံ့အားသင့်နေသည်။

တကယ်တမ်း အခန်းထဲမှ လူအများစုက ထျန်းရွှမ်၏အားနည်းချက်ကို ကောင်းကောင်းသိကြသော်လည်း ထျန်းရွှမ်၏ အရှေ့မှာ မကောင်းကြောင်း ပြောရခြင်းက အဆင်မပြေလှချေ။

ထျန်းရွှမ်က သူတို့အတွေးကို သိနေ၍ ရိုးသားသော လေသံဖြင့် ပြုံးလျက်စကားပြောသည်။
"အရင်တုန်းက ငါ့မှာ အားနည်းချက်တွေ များခဲ့မှန်း သိပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ အောက်ခြေကနေ အလုပ်ပြန်လုပ်ပြီးနောက်ပိုင်း ပြုပြင်သင့်တာတွေကို ပြုပြင်ပြီး ထျန်းအုပ်စုအကြောင်း ပိုသိလာပါပြီ။ လူတိုင်းကို ပြောချင်တာက ခေါင်းဆောင်နေရာကို ဘယ်သူယူယူ ကျွန်မအတွက် ပြဿနာ မရှိဘူးဆိုတာ သိစေချင်ပါတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now